Chapter 8

18.9K 1.6K 62
                                    


ညက အတွေးတွေများပြီး အိပ်မပျော်နိုင်တာကြောင့်..ဒီမနက် ကျောင်းကို မနည်းရောက်အောင်လာခဲ့ရတယ်..

ဆိုင်ကယ်နဲ့ပဲ ထွက်လာတာမို့...တစ်ခါမှ ခြေဦးလှည့်ဖို့ မတွေးမိတဲ့ မေဂျာဘက်ကိုသာ ဆက်မောင်းလာခဲ့လိုက်သည်...။ Xiaozhan..ကို မြင်ရရင်တော့ စိတ်ရှုပ်နေတာတွေ ပျောက်တန်ကောင်းပါရဲ့...

ဆိုင်ကယ်ကို ကားပါကင်ဘေးမှာသာ ထားခဲ့လိုက်ပြီး...သူတို့အဆောင်ဘက်သို့ သွားမည်အလုပ်...ကောရဲ့ကား မောင်းဝင်လာတာကြောင့်...ကျောခိုင်းလိုက်မိသည်...သူ့မျက်နှာကိုတော့ လုံးဝ ကြည့်ချင်စိတ်မရှိ...

" Xiaozhan...ညနေ အလုပ်ကို ကော လိုက်ပို့မယ်နော်..ဒီမှာပဲ စောင့်နေ..."

" မပို့နဲ့ ရပါတယ်ဆို..."

ဘာလဲ သူတို့ အတူတူလာကြတာလား...။ ဒေါသက ထောင်းခနဲ...။

" မင်းကို အဲ့လို ဂရုစိုက်စေချင်တာ မဟုတ်ဘူးလား..။ အရင်ကကျ ပစ်ထားလို့ စိတ်ကောက်နေပြီးတော့..."

" အခု မကောက်တော့ပါဘူး...ညနေလည်း ကိုယ့်ဘာသာ သွားလိုက်မယ်...။ မနက်တွေပဲ လာကြိုလေနော်....။ ကျွန်တော့် အလုပ်တွေကို ကောကို ပြရတာ အားငယ်တယ်..."

" ‌ဒီကလေးဟာလေ..မဟုတ်တာကို ကြံဖန်အားငယ် နေပြန်ပြီ...။ မင်း အရွယ်တွေ အဲ့လို မလုပ်ဘဲ...‌ဆေးချနေတဲ့ ကောင်တွေများ အများကြီး..သူတို့ကမှ...ရှက်ရမှာ...။ ဒါပေမယ့်..ဟုတ်ပြီ...မင်းသဘောပဲနော်....မပို့စေချင်ရင် မပို့တော့ဘူး...နောက်မှ ပို့စေချင်ရင်...ကြို‌တော့ပြောဦး...ကပ်ပြီးပြောလို့ မလုပ်ပေးနိုင်ဘူးဆိုရင် ကောက်မနေနဲ့...."

" ...ဟုတ်...ဟုတ်..."

" ဒါဆို ဝင်နှင့်တော့...ကော သူငယ်ချင်းကို စောင့်လိုက်ဦးမယ်...ပြီးမှ ဝင်လိုက်တော့မယ်..."

" အော်...ဒါဆို ကျွန်တော် သွား‌တော့မယ်...တာ့တာ.."

" Xiaozhan...ခဏ...."

" ဟင်...ကော...ကျောင်းဝင်းထဲမှာကို..."

" ဘာဖြစ်လဲ...ကိုယ့်ချစ်သူကို ဖက်တာပဲလေ...။ ဟေ့ မရုန်းနဲ့လေ...အဲ့လိုမှ..သူများတွေ တစ်မျိုးထင်ကုန်မယ်..."

Trust Your Heart [Completed]Where stories live. Discover now