Chapter 3

23.1K 2K 80
                                    


နိုးလာလာချင်း အထိအတွေ့နဲ့တင် ခံစားမိတာက နွေးထွေးနေတယ်လို့ တွေးလိုက်မိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မိသည်...

ဟင်...ဒါ ဘယ်လိုအခြေအနေကြီးလဲ..။ ဘယ်လိုလုပ် သူ့ပခုံးပေါ်မှီအိပ်ရုံတင်မက.. ဖက်ပါ ဖက်ခံထားရတာလား...

ဖျက်ခနဲမော့ကြည့်လိုက်တော့ သူ ကျွန်တော့်ကို စိုက်ကြည့်နေတာ တွေ့လိုက်တာကြောင့် သူ့လက်ကို ဖယ်ချပစ်လိုက်မိသည်...

"မင်း ဘာလုပ်တာလဲ..ဘာလို့ လာဖက်ထားတာလဲ.."

"ဖြစ်ရတယ်...မင်းပဲ ငါ့ပခုံးပေါ်မှီအိပ်ပြီး ငါ့လက်ကိုပါ ဆွဲထားတာ မဟုတ်ဘူးလား..."

‌သူပြောတာလည်း ဟုတ်နေတာမို့ ရှက်ရှက်နဲ့သာ ထရပ်လိုက်မိတော့သည်...။ ကားကွေ့လိုက်တုန်း ထရပ်မိလိုက်တာမို့ ဟန်ချက်ပျက်ပြီး..သူ့ပေါင်ပေါ် တန်းခနဲ...။ ယောင်ပြီး သူ့လည်ပင်းကိုပါ သိုင်းဖက်လိုက်မိသွားတာ....

"ဟေ့..ဘာရပ်လုပ်တာလဲ...ကားမှမရပ်သေးတာ..."

သူ့မျက်နှာက ပြုံးစစနဲ့မို့ ရှက်လွန်းလို့ မျက်နှာဘယ်နားဝှက်ရမှန်းပင် မသိ...။ ပြန်ထဖို့ ပြင်တော့ သူ ကျွန်တော့်ခါးကို ထိန်းကိုင်လိုက်တာကြောင့် ပြန်ကြည့်လိုက်မိသည်..

"ဆတ်ခနဲ ဆတ်ခနဲ မထနဲ့လေ...။ ကားထပ်ကွေ့တာ မတွေ့ဘူးလား...ဒီတစ်ခါ ပြုတ်ကျရင် မထိန်းပေးဘူးနော်..."

"အင်း ...ဖယ်..."

"ဟက်...ရှက်နေတာလား...။ ဘာလဲ မင်းရည်းစားမထားဖူးဘူးလား...ဘာလို့ အဲ့လောက် ရှက်ရမ်းတွေ ရမ်းနေတာလဲ...မျက်နှာက ပန်းရောင်တောင် မဟုတ်ဘူး..အနီရောင် ဖြစ်နေပြီ..."

ကျွန်တော် ‌ဘေးကို မြန်မြန်ဆင်းထိုင်လိုက်ရသည်...

"ဘာဖြစ်ဖြစ်ပေါ့...ဒီတစ်ခါ ကားခဏနားရင် ကိုယ့်နေရာကိုယ် ပြန်ထိုင်တော့..."

သူ ရှက်နေတာလေးက အသည်းယားစရာ...။ ရင်ခွင်ထဲ ထည့်ပြီး တဖွဖွ နမ်းချင်စရာလေး...။ သူအိပ်ပျော်နေတုန်း တစိမ့်စိမ့်ထိုင်ကြည့်လာရင်း တွေးမိတာက ဒီခရီးက ပြန်ရောက်ရင် သူ့ကို ဖွင့်ပြောလိုက်တော့မယ်လို့....

Trust Your Heart [Completed]Where stories live. Discover now