Chapter 5

19.7K 1.8K 152
                                    


တစ်နေ့လုံး တောင်တက်တာရော...အဲ့နားဝန်းကျင်က အထင်ကရ တော်တော်များများကိုရောပါ ပို့ပေးပြီးတာနဲ့ တည်းခိုဆောင်မှာပဲ ..ဆရာတွေက ကျွန်တော်တို့ကို ညစာ ပေးစားလိုက်ကြသည်...။ Yibo တို့က သူတို့မေဂျာကလူတွေနဲ့ စုစားဖို့ ထွက်သွားကြတာမို့ ကျွန်တော်တို့နှစ်ယောက်သာ ထိုင်စား‌ နေရသည်...

ကျစ်ဖန်းက ကျွန်တော့်ကို စကား လုံးဝ မပြောတာကြောင့် နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုသာ ကြီးစိုးနေသည်...။ ကျွန်တော် ပြောသလောက်သာ အင်း အင်း လိုက်လုပ်ရုံသာ လုပ်နေတာမို့...အခြေအနေမဟန်တော့မှန်း နားလည်လာမိသည်...

" ကျစ်ဖန်း...ငါ့ကို စိတ်ဆိုးနေတာလား...အဲ့လိုကြီး မနေပါနဲ့ကွာ...မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောလေ..."

သူ စားလက်စ ဇွန်းကို ချပြီး ကျွန်တော့်ကို စိုက်ကြည့်လာသည်...

" Xiaozhan...မင်း ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်..."

" မဟုတ်ဘူး...အဲ့ဒါ မင်း အထင်လွဲနေတာ..."

"ဟက်..ဘယ်လို အထင်လွဲနေတာလဲဆိုတာ ရှင်းပြပါဦး..။ ငါ အဲ့လောက် မတုံးသေးဘူးနော်...မင်းတို့ ဘယ်တုန်းက အဲ့လောက်ထိ အဆင်ပြေသွားကြတာလဲ..."

" ကျစ်ဖန်း..."

" ငါ... Yibo ကို ဘယ်လောက် သဘောကျနေလဲ သိရဲ့သားနဲ့...မင်းဖက်က အနေအထိုင် ဆင်ခြင်ဖို့ကောင်းမယ် ထင်တာပဲ..."

" မင်း ထင်သလို မဟုတ်ပါဘူးကွာ...မင်းတို့ကို အဆင်ပြေအောင် ငါ တကယ် ကူညီပေးမှာပါ..."

" မလိုတော့ဘူး.. Xiaozhan ..ငါ့ဘာသာငါပဲ ကြိုးစားတော့မယ်...မင်းသာ ဖယ်နေလိုက်တော့..."

" မင်း တကယ်ပဲ ငါ့ကို အဲ့လောက်ထိပြောနေတော့မှာလား..."

" အဲ့ထက်တောင် ပိုပြောချင်နေတာ...သူငယ်ချင်း သံယောဇဉ်ကြောင့် ငါ ဒီလောက် သည်းခံနေတာနော်...။ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်...။ မင်းကို စီနီယာထက် ပိုချစ်ပေးတဲ့သူနဲ့တွေ့စေချင်တာကလည်း...ငါ့ရဲ့ တကယ့် ဆန္ဒအမှန်ပဲ....ဒါပေမယ့် အဲ့တစ်ယောက်က Yibo တော့ ဖြစ်လို့ မရဘူး..

Trust Your Heart [Completed]Where stories live. Discover now