Chapter 19

17.6K 1.5K 86
                                    


ကျွန်တော်ပြောနေတာတွေကို ဘာမှမတုံ့ပြန်တာကြောင့် ငုံ့ကြည့်မိလိုက်တော့ သူအိပ်ပျော်နေပြီမို့..ဖြည်းဖြည်းချင်းသာ ခေါင်းအုံးပေါ်ကို ပြန်လှဲချပေးလိုက်တော့သည်...

စောင်သေချာခြုံပေးလိုက်ပြီး...ကုတင်ပေါ်ကဆင်းလိုက်တာနဲ့ အခန်းတံခါးကို ရုတ်တရက် စောင့်ဖွင့်သံ ကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်ရတယ်...

" ကော...ဘာပြန်လာ.."

" Xiaozhan ...ထစမ်း...."

" ဟင်...ကော..ဘာလုပ်မလို့လဲ...သူ အိပ်နေပြီ..."

ကောက စောင်တွေ အတင်းဆွဲဖယ်နေပြီး...သူ့ကို ကြမ်းကြမ်းတမ်းတမ်းကို လှုပ်နှိုးနေတာ...။ အခုမှ Li Wei က အခန်းထဲ အသည်းအသန် ပြေးဝင်လာသည်...။ ဘာတွေ ဖြစ်နေကြတာလဲ...

သူ လန့်ပြီး နိုးသွားပုံပင်...

" ဟင်...ကော...ပြန်လာတာလား..."

" မင်း...အခုချက်ချင်း ဒါကို ထရှင်းစမ်း..."

ကျွန်တော့်ကို ဖုန်းထိုးပြနေတာမို့ ကြည့်လိုက်မိတယ်...။ ဟင်...ဒီပုံ ဒီပုံကို သူ တကယ် ကောဆီ ပို့လိုက်တာလား...။ ရုတ်တရက်မို့ ဘာပြန်ပြောရမှန်း မသိတော့အောင် လန့်သွားမိတာ...

Yibo ..ရော..Li Wei ရော အနောက်ကနေ...လာကြည့်ကြတာမို့ သူတို့လည်း တော်တော် အံ့ဩသွားပုံပင်...

" ကော...အဲဒါက..."

" Xiaozhan..." အော်သံက ဟိန်းခနဲ....

" ငါ မင်းကို သစ္စာမဖောက်နဲ့လို့ ပြောထားတယ်နော်...။ ငါ အခု Yibo ကိစ္စကို သည်းခံနေတာက မင်းဖက်က မပါဘူးဆိုလို့...။ အခု ဒါက ဘာတွေလဲ ... မင်း ဘယ်တုန်းက ငါနဲ့တောင် အဲ့လို နေခဲ့ဖူးလို့လဲ...ပြော..ပြောလေ...။ အဲ့ဒါ ဘယ်ကကောင်လဲ..."

" ကောထင်သလို မဟုတ်ပါဘူး...အဲ့ဒါ ဒီအတိုင်း တစ်ကုတင်တည်း အိပ်တာမျိုးပါ...အထင်မလွဲပါနဲ့..."

" အဲ့ဒါ ဘယ်က ကောင်လဲပဲဖြေ...စကားလမ်းကြောင်း လာမလွှဲနဲ့...။ ငါ မင်းတို့နှစ်ယောက်လုံးကို အရှင်မထားဘူး..."

ကျွန်တော် ဘယ်လိုပြန်‌ပြောရမှန်း မသိတော့...။ Yibo...ကျွန်တော့်ရှေ့လာရပ်လိုက်တာမို့...ခေါင်းနပန်းကြီးသွားမိတယ်...

Trust Your Heart [Completed]Where stories live. Discover now