Chapter 11

18.9K 1.6K 180
                                    


ဂျိန်း...

Xiaozhan  <POV>

ကျယ်လွန်းတဲ့ တံခါးစောင့်ပိတ်လိုက်သံကြောင့် လန့်ပြီး နိုးလာမိသည်..။ ဟိုဖက် ဒီဖက် လှည့်လိုက်တာနဲ့တင်..နာကျင်မှုက တရစ်ရစ်...။ ညက အိမ်ကို ဘယ်လိုပြန်လာမိလဲတောင် မမှတ်မိတော့...။ ပန်းခြံထဲမှာ အချိန်အတော်ကြာထိုင်ငိုမိပြီး..တော်တော်နောက်ကျမှ..အဆောင်ပြန်လာတာကြောင့်...ကျွန်တော်ရောက်တဲ့အချိန် ကျစ်ဖန်းတောင် အိပ်နေပြီ...။ ပုံမှန် အချိန်သာဆို သူ့ကို ရင်ဖွင့်ပြီး ငိုမိမှာ သေချာသော်လည်း...အခုအခြေအနေမျိုးနဲ့တော့ ရင်ဖွင့်ဖို့ နေနေသာသာ ဒီကိစ္စတွေ သိများသွားရင်...ထတောင် သတ်ပစ်မလားပဲ...

ရေချိုးခန်းထဲသာ ဝင်လိုက်ပြီး..သူ့ အငွေ့အသက်တွေ အကုန်ပါသွားအောင် ခေါင်းပေါ်ကနေ ရေတွေ တစ်ခွက်ပြီး တစ်ခွက်ကို လောင်းချပစ်နေမိသည်...။ မှန်ထဲမှာ မြင်ရတဲ့ လည်ပင်းက အမှတ်တွေကြောင့်...ကိုယ့်ကိုကိုယ်တောင် မကြည့်ချင်..။ ပျောက်လိုပျောက်ငြား ပွတ်တိုက်နေမိတာ အချိန်အတော်အကြာပင်...။ မပျောက်တဲ့အပြင် ပိုတောင်ရဲကုန်အောင် လုပ်နေသလို ဖြစ်သွားတာကြောင့် ...မျက်ရည်တွေက ထိန်းမရ...။ အပြင်က ငိုသံမကြားအောင်..ရေပန်းကိုသာ ဖွင့်ထားပြီး ထိုင်ငို‌နေမိတော့သည်...

အခုတော့ အဲ့လိုတွေ အလုပ်ကောင်းမှုကြောင့်..‌ခေါင်းတွေလည်းကိုက်..မျက်လုံးတွေလည်းဖောင်း..ဖျားလည်းဖျားနေပြန်ပြီ...။ အဲ့ဒါတွေထက် အောက်ပိုင်းနေရာကလည်း မသက်သာတာကြောင့်...ကျောင်းတောင် ဘယ်လိုသွားရမှန်းမသိ...။ အလုပ်တော့ ထပ်ပျက်လို့ မဖြစ်တော့...

ကျစ်ဖန်းတံခါးကို စောင့်ပိတ်ပြီး ထွက်သွားတာကြောင့် လန့်နိုးမိတာ...။ မှန်ထဲမှာ မြင်လိုက်ရတဲ့ ပုံစံကြောင့်..အခုနေ ကောလာခေါ်လို့ မဖြစ်..။ မဖြစ်ဘူး..လာမခေါ်ဖို့ အမြန်တားရမယ်....

📳 " ‌အင်း Xiaozhan...။ ခဏလေးနော်...ကောလာနေပြီ..."

" ကော ဟို...ဒီနေ့ ကျွန်တော် ကျစ်ဖန်းနဲ့ လိုက်သွားနေပြီ..."

" ဟင်..ဘာလို့လဲ...ကော လာခေါ်မယ်ပြောထားတယ်လေ..."

" ကျွန်တော် ဒီနေ့ အစောကြီးရောက်မှ ဖြစ်မှာမို့...ဟို သူ့crush အဆောင်သွားတာ လိုက်သွားပေးနေတာ...အားနာပေမယ့်..ကော ကျောင်းပဲ ဆက်သွားလိုက်တော့နော်..."

Trust Your Heart [Completed]Where stories live. Discover now