Chapter 6

18.8K 1.8K 104
                                    


" Yibo ...ဘာဖြစ်လာလို့လဲ...လွှတ်ဦး...ငါ မွန်းနေပြီ..."

ကျွန်တော် သူ့ကို ဖက်ထားတာက အားနဲ့ ဖြစ်ညှစ်ထားသလို ဖြစ်နေတာ..။ သူ ထပ်ရုန်းလာတာကြောင့် လွှတ်ပေးလိုက်တော့သည်...

သူ့မျက်လုံးထဲမှာ... ကျွန်တော့်ကို စိုးရိမ်နေတဲ့ အရိပ်အရောင်တွေ တွေ့လိုက်ရတာမို့ ဘာလို့မှန်းမသိ...ပျော်သလိုလို...ကြည်နူးမိသလိုလို...။ ကျွန်တော်လည်း ရောဂါ တော်တော် ရင့်နေပြီပဲ...

" ဘာမှမဖြစ်ဘူး...မင်းအိပ်ချင်အိပ်တော့နော်...ငါလည်း နားတော့မယ်..."

သူ့ကို ပြန်လှဲခိုင်းလိုက်ပြီး...စောင်သေချာပြန်ခြုံပေးလိုက်ကာ ထရပ်လိုက်တော့သည်...။ သူ ကျွန်တော့်ကို မျက်လုံးအပြူးသားလေးနဲ့ လိုက်ကြည့်နေရှာတာ...

မူးနေတာကြောင့်လား...ခုန ကျစ်ဖန်းတို့ပြောတာတွေကြောင့်လား မသိ...မကောင်းတဲ့စိတ်က အရိုင်းဆန်ချင်လာသည်...။ ဘယ်လောက်ပဲ နားလည်ပေးနိုင် ပေးနိုင်..သူ့ကို တခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာဆိုတဲ့ အတွေးက ကျွန်တော့်ကို စိတ်ရိုင်းဝင်လာစေမိသည်...

ကျွန်တော် သူ့ကုတင်ဘက် ပြန်လျှောက်လာလိုက်တာကြောင့် သူ ပြန်ထထိုင်လာသည်...

" Yibo...ဘာဖြစ်နေတာလဲ...ကျစ်ဖန်းတို့ရော..တူတူသောက်ကြမယ်ဆို..."

" သူတို့မပြီးသေးဘူး...ငါ နားချင်လို့ အရင်ပြန်ထွက်လာလိုက်တာ..."

" အော်..."

" မင်း မအိပ်ချင်သေးဘူးမလား ....ဟိုဖက်တိုး..."

" ဟင်...ဘာလုပ်ဖို့လဲ...ငါ အိပ်တော့မှာ..."

" တိုးပါ...တူတူလှဲရအောင်..."

ဒုက္ခပါပဲ...။ ရှောင်ကာမှ တိုင်ပတ်နေရပြီ...

" ဘာတွေကြောက်နေတာလဲ...ငါ မင်းကို မင်းစီနီယာလိုမျိုး လုပ်မယ် ထင်လို့လား.."

" စီနီယာကို မကောင်းမပြောပါနဲ့..."

" သူ့လူထိတော့ နာတယ်ပေါ့...."

ကျွန်တော် သူ့ကို အတင်း ဆွဲဖက်ပြီး လှဲအိပ်‌လိုက်တာမို့...သူ ရုန်းကန်ပြီး ကုတင်ပေါ်က ပြေးဆင်းသွားသည်...

Trust Your Heart [Completed]Место, где живут истории. Откройте их для себя