Chapter 7

18.6K 1.7K 76
                                    


📳

သူ့ဖုန်းသံ ထမြည်လာတာကြောင့် ယူကြည့်လိုက်မိသည်.." ‌ကော " လို့ပေါ်နေတာမို့... Wang Yong ပဲနေမှာပဲ...။ ဖုန်းသံကို silent လုပ်ချလိုက်ပြီး...မှောက်ထားပစ်လိုက်သည်...။ သေအောင်ခေါ်ပစေ...

သူကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီမို့...ကုတင်ပေါ်ကိုသာ ပွေ့ခေါ်သွားပြီး ပေးအိပ်လိုက်ရသည်...။ မသောက်နိုင်ဘူးဆိုတာ တကယ် အမှန်ပါလား...တစ်ဝက်လောက်လေးနဲ့တင်...လူတွေမှားမြင်နေတဲ့အထိ...မူးသွားတာပဲ ...။ အခုချိန် ကျွန်တော် မဟုတ်ဘဲ တခြားသူသာဆိုရင်..သူ့ကို ဘာပဲလုပ်လိုက် လုပ်လိုက်...သိမယ့်ပုံမပေါ်...။ နောက်ဆိုရင် ပေးမသောက်မှပါပဲ....

စောင်ခြုံပေးလိုက်ကာ...အကျီသွားလဲဖို့ ထရပ်လိုက်သော်လည်း...လက်ကို အတင်းလှမ်းဆွဲခံလိုက်ရတာကြောင့် ပြန်လှည့်ကြည့်လိုက်မိသည်...

" တူတူပြန်မယ်...မထားခဲ့နဲ့...."

ခေါင်းသာရမ်းမိတော့သည်...။ မင်းက အဲ့ကောင်ကို သိပ်အားကိုးတာပဲကွာ...။ သူ အတင်း ဆွဲထားတာကြောင့် ဘေးနားသာ ဝင်လှဲအိပ်လိုက်တော့သည်... ။ ကျွန်တော့်အဖြစ်က ရှေ့တိုးဖို့ အခက်..နောက်ဆုတ်ဖို့ မဖြစ်နိုင်နဲ့....

သူ့ဘက် ဘေးစောင်း လှည့်အိပ် လိုက်ပြီး ‌သေချာကြည့်လိုက်မိသည်...

" Xiaozhan...ရာ ငါ မင်းအချစ်ကို ရအောင် ဘယ်လိုလုပ်ရမလဲ..."   သေချာတယ် အခုချိန် ဖွင့်ပြောလိုက်လို့ ကတော့ တန်းငြင်းခံရမှာပဲ...။ အဲ့လိုသာဆို သူ့နားကပ်ဖို့ ပိုခက်သွားမည် ထင်သည်...။ ဒါပေမယ့် ကောဆီကိုလည်း ပြန်မလွှတ်ချင်‌တော့...သူ့အတိတ်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ နားလည်ပေးနိုင်ပေမယ့်...အခုချိန်မှာတော့ ထပ်နားလည်ပေးဖို့ မဖြစ်နိုင်တော့...အဲ့လောက်တော့ မေတ္တာရှင် မလုပ်နိုင်ဘူးလေ....

ဘယ်လို ဆက်လုပ်ရမလဲ...တွေးနေမိတာကြောင့်...သူ ကျွန်တော့်ခါးကို သိုင်းဖက်လာတော့မှ...အသိပြန်ဝင်တော့သည်...။ သူ အဲ့လိုတွေ လုပ်တိုင်း ပျော်မိသော်လည်း...တခြားသူကို အစားထိုးရုံ သက်သက် လာလာလုပ်နေတာတော့ တကယ် ဒေါသထွက်မိတယ်...။ အခု သူ့ရဲ့ အဲ့လိုပုံစံတွေက သူနဲ့ကော ရဲ့ နေပုံထိုင်ပုံတွေကို မြင်နေရသလိုပင်....

Trust Your Heart [Completed]Where stories live. Discover now