Chapter 4

21K 1.9K 117
                                    


ကျစ်ဖန်း <POV>

တစ်ညလုံး ကျွန်တော် Xiaozhan ကို နှိုးလို့မရ..။ ဆေးတောင်ထမသောက်တာကြောင့်...မနက်ကျရင်...မသက်သာမှာစိုးနေမိတာ...။ ကျွန်တော် ညစာစားပြီး ပြန်လာထဲက Yibo ကိုလည်း အခန်းထဲမှာပဲ တွေ့မိတာမို့..သူနဲ့တောင် စကားပြောဖြစ်လိုက်သေးသည်...

Yibo ကြည့်ရတာ  Xiaozhan ကို တော်တော်စိုးရိမ်နေပုံပင်...။  တစ်ညလုံးနီးပါး ကျွန်တော်တို့ ကုတင်ဘက်ကို ထလာပြီး လာလာကြည့်ပေးနေတာ တွေ့တွေ့နေရတာကြောင့် စိတ်ထဲတစ်မျိုးတော့ တစ်မျိုးပင်...

Yibo က အဲ့လိုမျိုး လူတိုင်းကို ဂရုစိုက်ပေးတတ်တာပဲလား...။ သေချာတာတော့ Yibo ကို အမြန်ဆုံးဖွင့်ပြောနိုင်ဖို့ ကြိုးစားရမှာပဲ...

ကျွန်တော်တို့ အကုန်ရေချိုးပြီးမှ...သူ နိုးလာတော့သည်..။ Yibo နဲ့ သူ့ သူငယ်ချင်းတောင် မနက်စာ ထွက်စားနှင့်နေပြီ...

"Xiaozhan.. ဘယ်လိုနေသေးလဲ..မင်းညက  ဆေးလည်း ထမသောက်ဘူး...နှိုးလို့လည်း မရဘူး.."

သူ့နဖူးကို စမ်းကြည့်တော့ အဖျားတော့မရှိတော့...

"အင်း..သက်သာပြီ..။ ညက တကယ်ကို အိပ်ပျော်သွားတာ...မင်းတို့ပြန်ရောက်လာတာတောင် မသိလိုက်ဘူး..."

"အေး..မင်းကို သတ်သွားရင်တောင် သိမှာမဟုတ်ဘူး..။ ထ... ရေထချိုးတော့ မနေ့ထဲက ဘာမှမလုပ်ပဲ အိပ်ပဲ အိပ်နေတယ်...ထွက်ရတော့မယ်..."

"အင်း..အင်း..."

____

ဒီနေ့ လေ့လာရေး ပထမဆုံး စထွက်ရမယ့်နေ့ ..။ တောင်တက်ကြရမှာမို့... Xiaozhan နဲ့ ကျစ်ဖန်းကို ကျွန်တော်တို့ စောင့်နေတာ...။ ဆရာတွေက ကိုယ့်အခန်းဖော်နဲ့ပဲ လေးယောက် တစ် group ဖွဲ့ခိုင်းထားကြသည်..။ ညက Xiaozhan ကို ထထကြည့်နေရတာနဲ့...ကောင်းကောင်းတောင် အိပ်မပျော်နိုင်...။ မနက်က ထွက်ခါနီး စမ်းကြည့်တော့မှ..သူ အဖျားကျ‌သွားတာ တွေ့ရလို့ စိတ်အေးရတာ...

Xiaozhan ထွက်လာတာကို တွေ့လိုက်မိသည်..။ ဆွယ်တာ အဝါလက်ရှည်လေးနဲ့ ... သူ့ပုံစံက ကလေးလေးလိုပဲ...။ သူ ကျွန်တော်တို့နား လျှောက်လာတာကြောင့် လှမ်းပြုံးပြလိုက်မိသည်...

Trust Your Heart [Completed]Tahanan ng mga kuwento. Tumuklas ngayon