Chapter 14

18.3K 1.7K 219
                                    


အခုတလော နေမကောင်းဖြစ်လို့ ကျောင်းပျက်တာတွေ များ‌နေခဲ့တာ‌‌ကြောင့် ဒီနေ့တော့ အချိန်ပိုင်း အလုပ်လည်း မရှိတဲ့အတူတူ အ‌ ‌ဆောင်ပြန်ပြီး စာတွေထိုင်လုပ်နေလိုက်ရသည်... ။ မဟုတ်ရင် စာမေးပွဲတော့ ကျဖို့သေချာနေပြီ...

စာလုပ်နေရင်းနဲ့ စာအုပ်ပေါ်တောက်ကနဲကျလာတဲ့ သွေးစက်ကြောင့် ကိုယ့်နှာခေါင်းကို စမ်းမိတော့ လက်ထဲမှ စေးပျစ်ပျစ်နဲ့ သွေးတွေ....။ ဟင်း...နှာခေါင်းသွေးက ကျလာပြန်ပြီ....။ သွေးတွေကိုကြည့်ရင်း လူက အလိုလိုမူးဝေလာတာ‌ကြောင့် ခုံပေါ်က tissueကို လှမ်းယူလိုက်ပီး ကုတင်ပေါ်လှဲကာ နှာခေါင်းပေါ်ဖိအုပ်ထားလိုက်ရသည်...

လှဲနေတုန်း အခန်းထဲသို့၀င်လာတဲ့ ကျစ်ဖန်းက ကျွန်တော်ကို တစ်ချက်လှည့်မကြည့်ဘဲ အ၀တ်လဲပြီး ပြန်ထွက်သွားပြန်တာကြောင့် ကျွန်တော် လှမ်းခေါ်ချိန်တောင်မရ....။ နေလို့တော်တော်မကောင်းတော့...လူက တဖြေးဖြေး ပိုပိုမူးဝေလာပြီး အသက်ရှုရကြပ်လာတယ်...

ကျွန်တော့်ကို တစ်ယောက်ယောက်ကယ်ပါ...။ အရမ်းကြပ်လာတာမို့ ဖုန်းထုတ်ပြီး ကောဖုန်းကိုသာ ခေါ်မိတော့တယ်...။ ခုချိန် တကယ်ခေါ်ချင်တာက ကျွန်တော်ဖျားတိုင်းသည်းခံပေးနိုင်တဲ့
Yibo ဖုန်းကိုပါ...ဒါ‌ပေမယ့် ကျစ်ဖန်း နဲ့ ဘာပြဿနာမှ မရှိချင်တော့လို့ ကောကိုပဲ လှမ်းဆက်လိုက်တော့သည်...

📳 " ဟဲလို..."

" ကော...ကျွန်...တော့်ကို ...အ.....ဆောင်..." ကျွန်တော်ဘာစကားမှထပ်ပြောလို့မရတော့အောင် ခက်ခဲသောအသက်ရှုကြပ်မှုတွေ၊ ခေါင်းထဲမူးဝေနေမှုတွေက ကျွန်တော့်ကမ္ဘာကြီးကို အမှောင်ချပစ်လိုက်တော့တယ်...

" ဟင်..ယုန်လေး...ယုန်လေး... Xiaozhan..." 📳

ကျွန်တော် ဒီနေ့ ယုန်လေးနဲ့ Yibo ကို မိတ်ဆက်ပေးဖို့ Yibo ကို အိမ်လာခေါ်တာ...။ Yibo ပြန်မလာသေးဘူးဆိုလို့ ကောကို ရန်စချင်တာမို့...ကော အခန်းထဲ ဝင်လာပြီး ထိုင်စောင့်နေတာ...။ ကောက ရေချိုးနေတုန်း...

ကောဖုန်းလာ‌ နေတာကြောင့် ဘာရယ်မဟုတ် ယူကြည့်လိုက်မိတယ်...။ Contact name မှာ Xiaozhan လို့ ပေါ်နေတာမို့ ကောက်ကိုင်လိုက်တော့သည်..

Trust Your Heart [Completed]Where stories live. Discover now