Chapter 105 Magic Pill Central Workshop (Z & U)

Zacznij od początku
                                    

Unicode

C-105 Magic pill central workshop.

အခန်း ၁၀၅ မှော်ဆေးလုံး ဗဟိုအလုပ်ရုံ
"မင်း သေချင်လို့် မေးနေတာလား"
အသက်လတ်ပိုင်းလူကြီးမှ ကြောက်စရာကောင်းစွာ လေသံနှင့် ပြောသည်။ သူမုန်းတဲ့သူတွေထဲမှာ သူ့ကို ၀က်လို့ခေါ်တဲ့သူကို အမုန်းဆုံးဖြစ်သည်။ မသိမသာပြောရင်တောင် မသည်းခံနိုင်ပေ။ ချက်ချင်းကို မျက်ခုံးထူထူကြီးတွေက ကွေးတက်သွားသည်။ လအဆင့် သိုင်းသမားများရဲ့ အရှိန်အ၀ါကို ထုတ်ပြီး Ling Xiao ဆီကို ရက်ရက်စက်စက် ခုတ်မည့်ဟန့်နှင့် ပုစိန်ကို မြှောက်ကာ ပြေးဝင်သွားသည်နှင့် အနားက ကြည့်နေသူတွေအားလုံး နောက်ကို ကမန်းကတန်း ပြန်ဆုတ်ကြသည်
Ling Xiaoကိုယ်ပေါ်ကို ပုစိန်ကျခါနီးမှာတင် သူ့ကိုယ်မှ ခရမ်းရောင် မီးတောက်များ ပေါ်ထွက်လာသည်။ တောက်လောင်နေတဲ့ မီးအပူချိန်က အနားပတ်ဝန်းကျင် အပူချိန်ကို ချက်ချင်း မြင့်တက်လာစေသည်။ အသက်လတ်ပိုင်းလူကြီးရဲ့ ပုစိန်နားမှာ မီးနဂါးတစ်ကောင် ၀ှီးခနဲ ၀ှစ်ခနဲ ဖြစ်သွားသည်ရဲ့ အဆုံးမှာ ပုစိန်က လုံးဝကို ပြာကျသွားတော့သည်။ ပြီးတာနဲ့ ခရမ်းရောင် မီးတောက်က အသက်လတ်ပိုင်းလူကြီးထံကို တရှိန်ထိုး ပြေးသွားလေရာ....
အသက်လတ်ပိုင်းလူကြီးမှာ အော်ဖို့တောင် အရှိန်မရလိုက် ခရမ်းရောင်မီးတောက်က သူ့ရင်ဘတ်ကို ထိတာနဲ့ မီးပွားလေးတွေဖြစ်ကာ ပျောက်ကွယ်သွားကြသည်။
အဲဒိမြင်ကွင်းကို ကြည့်နေသူတွေအကုန် ထိတ်လန့်ကုန်သည်။
ခရမ်းရောင် မီးတောက် ပျောက်ကွယ်သွားသည်နှင့် အသက်လတ်ပိုင်း လူကြီးရဲ့ ခန္တာကိုယ်က မြေပေါ်ကို ပြုတ်ကျသွားတာမို့ ရပ်ကြည့်နေသူများ၏ အထိတ်အလန့်သံများညံသွားသည်။ အနီရောင် တောက်တောက် သွေးများ ရုတ်တရက် စီးထွက်လာသည်။ နည်းနည်း နည်းနည်းနှင့် မြေပေါ်မှာ သွေးအိုင်တစ်ခု ဖြစ်ထွန်းသွားသည်။ အသက်လတ်ပိုင်းလူ၏ ရင်ဘတ်မှာက လန့်စရာ အပေါက်တစ်ပေါက်နှင့်
အနားကလူအများဟာ စကားလုံးမဲ့စွာနဲ့ ဆွံ့အသွားကြသည်။ သိမ်မွေ့ပြီး နူးညံသယောင် ပုံစံနဲ့ လူချောလေးပေါ်ကို အထိတ်တလန့်နဲ့ အကြည့်တွေက ကျရောက်သွားသည်။ ဘယ်သူမှ အဆိုပါ နွေးထွေးတဲ့ အပြုံးပိုင်ရှင်က ဒီလို သွေးအေးတဲ့ အပြုအမူကို လုပ်လိမ့်မည်ဟု ထင်မထားကြချေ။
ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် တစ်ကြိမ်တစ်ခါမျှ အရှုံးကို မရင်ဆိုင်ခဲ့ရသော ၀ံပုလွေစွယ်အဖွဲ့ ခေါင်းဆောင် ပြန်မေးစရာ မလိုအောင်ကို လအဆင့်ရှိတဲ့ သိုင်းသမားတစ်ယောက် က ဒီလူရဲ့ ရိုက်ချက်တစ်ချက်တည်းနဲ့ကို ကျရှုံးသွားခြင်းဖြစ်သည်။ ဒီလို ကံဇာတာက တော့ အကယ့်ကို အာ... ကြေကွဲဖို့ ကောင်းတာပဲ။
ဒါပေမယ့် ဒီလူရဲ့ ကျွမ်းကျင်မှုကလဲ လေရဲ့အလျင် နှင့် မိုးကြိုးပစ်သလိုအားအင် များက စာနာစိတ်အလျင်းမရှိချေ။ အေးချမ်းတဲ့ HunJiမြို့မှာ ဒီလိုမျိုးကိစ္စဆိုတာ လွယ်လွယ်နဲ့ တွေ့မြင်နိုင်တာမျိုးမဟုတ်။ ဒီနေ့ကတော့ ဒီလိုအစွမ်းတွေကို တွေ့မြင်ရတဲ့အပြင် ကနဦးထဲက စာနာမှုအလျင်းမရှိတာကိုပါ တွေ့မြင်ကြရသည်။ တကယ့်ကို လူတိုင်းလူတိုင်းကို ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားစေသည်။
You XiaoMoလဲ ဒီလို မမျှော်လင့်ထားပေ။ သူ Ling Xiao ကို ခေါင်းမော့ကြည့်ရင်းနဲက ခက်ခက်ခဲခဲကို သတွေးမြိုချလိုက်ရသည်။
Ling Xiao က သူတို့ကို ထွက်ပြေးအောင်ပဲ လုပ်မယ်လို့ အလွန်ဆုံး ထင်ထားတာဖြစ်သည်။ လူလတ်ပိုင်းကြီးကို ဒီမှာတင် သတ်ပစ်လိမ့်မည်လို့ အထင်ထား။ ဒါပေမယ့် အရမ်းကြီးတော့ သူမအံသြမိပါ။ ရေခဲဂူမှာတုန်းကလဲ Ling Xiao အကြီးအကဲJiang ကို တစ်ချက်ထဲနဲ့ အလဲထိုးနိုင်ခဲ့တာ သူမြင်ဖူးသည်ပဲလေ။ သူက TianXin ဂိုဏ်းရဲ့ အကြီးအကဲကို တောင် သတ်ရဲသေးတာပဲ အကြီးအကဲJiang က မကောင်းဆိုးဝါးတွေရဲ့ သူလျှိုဖြစ်နေတာတောင်မှလေ ။ သူမသတ်ရဲသည့်သူ ဘယ်သူရှိနိုင်ပါ့မလဲ။
သူအရင်ထဲက Ling Xiao က လုံးဝကို စာနာသနားတဲ့စိတ်မရှိတာ သိတာကြာနေပါပေမယ့် သူ့နှလုံးသားထဲက အသိနဲ့ သူမြင်နေရတာနဲ့ကတော့ ကွာခြားချက်နဲနဲ ရှိနေသေးသည်။
အစောက Ling Xiaoကို အသဲအသန်ညွှန်ပြခဲ့ကြသော လူတစ်စုကတော့ သူတို့ ခေါင်းဆောင် သေဆုံးတာကို မြင်လိုက်ရသည့် အခါမှာတော့ ကြောက်ရွံ့မှုကြောင့် မျက်နှာတွေ ဖြူဖျော့ကုန်ကြသည်။ ထိတ်လန့်နေတဲ့ မျက်လုံးတွေက နေ Ling Xiao ရဲ့ သွယ်လျတဲ့ပုံရိပ်ကိုတောင် မြင်နိုင်သည်။ မတ်တပ်ပင် မရပ်နိုင်လောက်အောင်ကို ဒူးတွေတုန်နေကြသည်။ သူတို့အဖွဲ့ခေါင်းဆောင်အတွက် ကလဲ့စားချေရန်ပင် လေသံမထွက်နိုင်တော့။
"မင်းတို့ ခေါင်းဆောင်ရဲ့ အလောင်းယူပြီး ထွက်သွားတော့လေ အ.. ဘာလဲ မင်းတို့တွေပါ ဒီမှာနေပြီး ခေါင်းဆောင်ကို အဖော်လုပ်ပေးမလို့လား" Ling Xiao သူတို့ကို တစ်ချက်ကြည့်ပြီး နူးညံတဲ့ အသံလေးနဲ့ ပြောလိုက်သည်။
၀ံပုလွေစွယ်အဖွဲ့က အဖွဲ့ဝင်အားလုံးက သူ့ရဲ့ နူးညံတဲ့ အသံကို ကြားတာနဲ့ သူတို့ ဆံပင်တွေ ထောင်သွားလောက်အောင်ကို ထိတ်လန့်ကြသည်။ အဖွဲ့က လူအကုန်လုံး ပျာယာခတ် ခလုတ်တိုက် မတတ် လူလတ်ပိုင်းကြီးထံသို့ အပြေးသွားပြီး သူတို့ရဲ့ ခေါင်းဆောင်အလောင်းကို မကြပြီး လျင်မြန်စွာနဲ့ ပျောက်ကွယ်သွားကြသည်။
"ကဲ သွားစို့" Ling Xiao You XiaoMo ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
You XiaoMo သူ့နောက်က ချက်ချင်းလိုက်သွားတာနဲ့ လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွားကြသည်မှာ ဒီမှာ ဘာမှ မဖြစ်ခဲ့သလိုမျိုး။ မြေပြင်ပေါ်က သွေးအိုင်ကြောင့် သာမဟုတ်ရင် အစောက ဖြစ်ပျက်ခဲ့သမျှက ပုံရိပ်ယောင်တွေပဲလို့ လူတော်တော်များများက ထင်ကြမှာဖြစ်သည်။ တကယ်တော့ ဒါက အံ့သြဖို့ ကောင်းလွန်းနေသည်။
သူတို့ထွက်သွားပြီး သိပ်မကြာခင် လူတစ်ယောက် ဦးဆောင်သော အနက်ရောင်ဝတ်စုံနဲ့အစောင့်တစ်စု အမြန်ရောက်လာသည်။ သူတို့ ခြေလှမ်းလေး တစ်လှမ်းနောက်ကျသွားတာ အတော်ဆိုးသည်။ အားလုံးက ပြီှးဆုံးသွားပြီ။ လူတွေလဲ ခြေရာခံလို့မရအောင်ကို ထွက်သွားကြပြီ။ မြေပေါ်က သွေးအိုင်ကြောင့်သာ မဟုတ်ရင် ပွဲပြီးတာနဲ့ ပျောက်သွားတဲ့သူတွေကြောင့် သူတောင် ဒါက သတင်းအမှားကြီးလို့ တွေးမိမှာ ဖြစ်သည်။
လမ်းကို ဖြေးဖြေးလေးလျှောက်ရင်းနဲ့ You XiaoMo လမ်းလေး ၀ဲယာကို ငေးကြည့်ရင်းလိုက် လာသည်။
HunJiမြို့ရဲ့ အစည်ကားဆုံးသော လမ်းဖြစ်တာနဲ့ အညီ ရောင်းချသော ပစ္စည်းတွေက HePingမြို့မှာ ရောင်းတာတွေထက် ပို ပြီးများသည်။ မှော်ဆေးလုံးအရောင်းဆိုင်များနှင့် မှော်ဆေးပင်ဆိုင်တွေက တစ်ခုနဲ့ တစ်ခု နီးကပ်စွာ တည်ရှိသည်။ ဒါပေမယ့် ဆိုင်အများစုကတော့ သေးငယ်ကြသည်။ အထဲမှာ ဟိုဟိုဒီဒီ သွားနေသော လူတွေ ရှိနေပေမယ့် အရမ်းတော့ များမနေ။ You XiaoMo အထဲကို အရမ်းသွားကြည့်ချင်ပေမယ့် Ling Xiao က လုံးဝကို မရပ်။ သူတစ်ယောက်ထဲလဲ သွားလို့မရ။
နှစ်ယောက်သား နာရီဝက်လောက် သွားပြီးသောအခါ You XiaoM၀ရဲ့ လက်လက်ထနေသောမျက်လုံးတွေက အလွန်ကြီးသော ဆိုင်းဘုတ်ကြီးကနေ မခွာနိုင်တော့။ ရွှေရောင်ဖျော့ဖျော့ အပေါ်မှာ ကြီးပြီး ရိုးရှင်းတဲ့ စာလုံးကြီးတွေဖြင့် "မှော်ဆေးလုံး ဗဟိုအလုပ်ရုံ' ဟု ရေးထားသည်။ သည့်အပြင် ဆိုင်းဘုတ်ရဲ့ အပေါ်ဘက် ဘယ်ဘက် တွင် ကြယ်နီ ခုနစ်လုံးကို ထွင်းထူထားသည်။ ဒါက ကြယ်ခုနစ်လုံးစီးပွားများထဲမှ တစ်ခုဆိုတာထင်ရှင်းလှသည်။
ဒီဆိုင်က ဆိုင်လေးဆိုင်လောက်ကို အရွယ်အစားရှိသည်။ အနားက ဆိုင်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒီဆိုင်က ဆိုင်ကြီးဆိုင်ကောင်းအဖြစ် သတ်မှတ်နိုင်သည်။
ဒီအချိန်မှာပဲ Ling Xiao လဲ လမ်းလျှောက်ရာက ရပ်ပြီး ခေါင်းကို နဲနဲ နိမ့်ပြီး "ဒီဆိုင်ပဲ"
You XiaoMo စိတ်လှုပ်ရှားစွာနဲက ခေါင်းငြိမ့်ပြီး သူ့နောက်ကနေ ဒီထူးခြားတဲ့ဆိုင်ထဲ လိုက်ဝင်သွားလိုက်သည်။ အထဲကို လှမ်းလိုက်သည်နှင့် ဆေးအနံ့တွေက နှာခေါင်းဝကို ခပ်ပြင်းပြင်းထိတွေတော့သည်။ အနံ့ ပြင်းပြင်းတွေကြောင့် သူခေါင်းမူးလာသလိုတောင် ဖြစ်သွားသည်။ ဘေးဘီကို သေချာကြည့်ပြီးချိန်မှာတော့ သူ့မျက်လုံးတွေမှာ အံ့သြမှုတွေနဲ့ ပြည့်နှက်သွားသည်။
မှော်ဆေးလုံးဗဟိုအလုပ်ရုံ အတွင်းမှာ အရမ်းကို ကျယ်ပြန့်သည်။ တစ်ခုနှင့် တစ်ခု ထပ်တင်ထားပေမယ့် ဖောက်ထွင်းမြင်နိုင်တဲ့ အလှပြသေတ္တာတွေက သပ်သပ်ယပ်ယပ်နဲ့ စီထားတာဖြစ်သည်။ သေတ္တာတွေက ကျောက်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပေမယ့် ခေတ်မီဖန်သား အလှပြစင်တွေနဲ့ သွားတူသည်။ ဒါပေမယ့် မျက်နှာပြင်တွေက ဖန်သားထက် ပိုပြီးမာကျောမယ်ဆိုတာတော့ သေချာသည်။ မျက်နှာပြင်တွေကနေ စိတ်စွမ်းအင် ခပ်ဖျော့ဖျော့လေးထွက်နေသေးသည်။ ဒီဆိုင်မှာက မှော်ဆေးလုံး အဆင့်ပေါင်းစုံ ရှိနေသည့်အပြင် မှော်ဆေးပင် ပေါင်းစုံပါ ရှိနေသည်။
ဖြစ်နိုင်တာကတော့ ဒီ အလှပြသေတ္တာတွေက စိတ်စွမ်းအင်တွေကို ပါ ထိန်းထားနိုင်တာမို့ အတွင်းက မှော်ဆေးပင်တွေရဲ့ အစွမ်းက လျော့သွားသွားမည့် လက္ခဏာမရှိ။ အချို့နေရာတွေမှာ လူစုစု စုစုနှင့် လဲ ရှိနေသည်မို့ စကားပြောသံတွေက နေရာတိုင်းမှာ ကြားနေရသည်။
You XiaoMo တစ်ချက်ကြည့်ပြီး သားရည်တွေ ထွက်ကျလာတော့မလိုဖြစ်သွားသည်။ မှော် ဆေးပင် နှင့် မှော်ဆေးလုံး တွေက အများစုက အလယ်အလတ် အဆင့် နှင့် အရည်အသွေးကလဲ အလယ်ဆင့် ဖြစ်ကြသည်။ အများစုက အဆင့်လေးကနေ အဆင့် ခြောက်အထိက ယေဘူယျဖြစ်ကြသည်။ အဆင့်နိမ့်ဆေးလုံးနှင့် ဆေးပင်တွေကို ဒီမှာ ရနိုင်ပုံမရချေ။ ဆေးဝါးအလုပ်ရုံများက အတူတူမဟုတ်တာတော့ သေချာသည်။
အပေါ်မှာ ရေးကပ်ထားတဲ့ ဈေးနှုန်းတွေကို ကြည့်ပြီးချိန်မှာတော့ သူ့မျက်လုံးထောင့်တွေက ကျုံသွားသည်။ ဈေးက အဆမတန်တွေ။ အဆင့်လေးမှော်ဆေးပင်တစ်ဖုံကို ရွှေပြားလေးသောင်းတဲ့။ ဒါတောင် အရည်အသွေးက အလတ်တန်းစားပဲ ရှိသေးသည်။ အကယ်လို့သာ အထက်တန်းစားသာ ဖြစ်ပါက ရွှေပြား ငါးသောင်း ခြောက်သောင်း လောက်ဖြစ်နိုင်သည်။ ဒီလိုစီးပွားရေးမျိုးက အကယ့်ကို ဆွဲချွတ်လိုက်သလိုကို ဖြစ်သည်။ အမြတ်အစွန်းက များလှသည်။ သူတောင် မနာလိုဖြစ်သွားသည်။
သူတစ်ချက်လောက် ကြည့်ပြီးတာနဲ့ သူ့ပုံက အရမ်းကို အားငယ်နေပုံ ဖြစ်သွားသည်။
HePingမြို့မှာ ဆေးလုံးတွေရောင်းပြီး ရတဲ့ငွေတွေကို သူမြင်ယောင်သွားသည်။ အဆင့်လေးဆေးပင် ဆေးတစ်ဖုံစာုဝယ်ဖို့ကို ဆယ်ပုံတစ်ပုံတောင် မမှီ။ တကယ့်ကို ရိုက်ချက်ပြင်းပြင်းနဲ့ သူ့ကို ရိုက်ချခဲ့တာဖြစ်သည်။ တစ်ချိန်ထဲမှာ ဆေးပင်တွေသူ့ဘာသာ စိုက်ထားမိတာကို တွေးကာ သူကံကောင်းခြင်းတွေကို ကျေးဇူးတင်မိသည်။ မဟုတ်လို့ကတေ့ာ သူ့ကိုယ်သူရောင်းရင်တော ဆေးပင်တွေ မ၀ယ်နိုင်ဖို့ သေချာနေသည်။
သူ့အကိုကြီး အရင်က ပြောဖူးတဲ့ မှော်ဆရာတွေက ငွေရလွယ်တဲ့ အသက်မွေးဝမ်းကျောင်းဖြစ်ပေမယ့် ပိုက်ဆံတွေလဲ မီးရှို့လိုက်သလို ကုန်လွယ်သည် ကို သွားတွေးမိသည်။ အခုပဲကြည့် ဒါက မှားနေတာတော့ မဟုတ်။
"ဒီက ဆရာနှစ်ယောက် အကူအညီများလိုသလား ရှင့်" အဖြူရောင်အ၀တ်ရိုးရိုးကိုသာ ၀တ်ဆင်ထားတဲ့ ဧည့်ကြိုအမျိုးသမီး သူတို့ဆီ လျှောက်လာသည်။ သူ့ အကြည့်တစ်ချက်နဲ့ အကုန်လုံးကို ဝေ့ကြည့်ပြီး လူတိုင်းလိုပါပဲ လေးစားဖွယ် ပုံစံနဲ့Ling Xiao စီမှာ အဆုံးသတ်သည်။
Ling Xiao က မိန်းကလေးကို ချက်ချင်းပြန်မဖြေသေး အဲဒိအစား မိန်းကလေး စကားပြောနေတုန်း You XiaoMO ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ညီငယ်လေး ကြယ်ခုနစ်ပွင့်လေလံအိမ်မှာ ပြောတာကို သူအမှတ်ရနေသေးသည်။ ဒါပေမယ့် သူကြည့်တဲ့အချိန်မှာ အခြားတစ်ယောက်က အစေခံအမျိုးသမီးကို ကြည့်မနေယုံမကပဲ ခေါင်းပြုတ်ထွက်တော့မတတ်ကို ဘေးဘီကို ဘာတွေကြည့်နေမှန်းမသိအောင် ကြည့်နေသည်။ ဒီတော့မှ သူ စိတ်ချမ်းသာစွာနဲ့ အကြည့်ရွေ့နိုင်သည်။
"ဒီမှာ မှော်ဆေးလုံးတွေ ယူသလား"
ဧည့်ကြို က ခဏလောက် တောင့်သွားပြီးမှ ခေါင်းငြိမ့်ပြီး "ယူပါတယ် အဲဒါတွေက ဒုတိယအထပ်မှာပါ ဒီက ဆရာနှစ်ယောက် ကျွန်မနဲ့ တစ်ချက်လောက် လိုက်ခဲ့ပေးပါ"
You XiaoMo လဲ Ling Xiao ကို ဦးဆောင်ပြီး ဧည့်ကြို မိန်းကလေးနောက် ကနေ ဒုတိယအထပ်ကို ပါသွားသည်။
မှော်ဆေးလုံးဗဟိုအလုပ်ရုံရဲ့ ဒုတိယအထပ်က ပထမထပ်လိုမျိုးတော့ ခမ်းနားလှ။ အဖြူရောင်သက်သက်ကို သာသုံးထားသည်မို့ ရိုးရိုးရှင်းရှင်း အငွေ့အသက် သာ ရှိသည်။ ခန်းမကြီးရဲ့ အလယ်မှာတော့ ထွင်းဖောက်မြင်နိုင်တဲ့ အလှပြစင်တွေနှင့် ပြည့်နေသည်။ စင်တွေမှာလဲ မှော်ဆေးပင်တွေနဲ့ပြည့်နှက်နေတဲ့ ကျောက်စိမ်းသေတ္တာများ ရှိသည်။ ဘာက အံ့အားအသင့်စေဆုံးလဲဆိုတာကို ပြောရင်တော့ အဆိုပါ မှော်ဆေးပင်တွေတိုင်းက အရည်အသွေးထိပ်တန်းတွေ ချည်းပဲ ဖြစ်သည့်အပြင် အဖြူရောင် အလင်းတန်းဖျော့ဖျော့လေးကိုတောင် ထုတ်လွှတ်နေကြသည်။ တစ်ချက်ကြည့်လိုက်တာနဲပ ဒီဟာတွေက သာမာန်မှော်ဆေးပင်တွေ မဟုတ်တာ အထင်အရှားပြောနိုင်သည်။
HunJuမြို့ရဲ့ အကြီးဆုံးမှော်ဆေးလုံး အရောင်းဆိုင်ဆိုတာ အံ့သြစရာဖြစ်နေစရာတောင်မလို။ သူတို့မှာလဲ ပိုင်ဆိုင်မှုတွေ အတော်အတန်တော့ ရှိပုံရသည်။
ခန်းမအလယ်မှာတော့ လူအချို့ဟိုနားတစ်စုဒီနားတစ်စု မတ်တတ်ရပ် နေကြသည်။ You XiaoMo သူတို့ကိုယ်ကနေမှ သူတို့ရဲ့ အားကောင်းတဲ့ ၀ိဥာဉ်များကို ခံစားမိသည်။ သူတို့အားလုံးက မှော်ဆရာများဖြစ်သည်။ ဒါပေမယ့် မှော်ဆေးပင်ကို ၀ယ်သူအများစုကတော့ မှော်ဆရာများသာဖြစ်သည်လို့ တော့ ယူဆနိုင်သည်။
ဧည့်ကြိုအမျိုးသမိးကူ သူတို့ကို အနက်ရောင်ဝတ်ရုံ ၀တ်ဆင်ထားသူ အဖိုးကြီးတစ်ယောက်ထံ ခေါ်သွားပြီး အခြေအနေတွေကို ရှင်းပြနေသည်။ အဖိုးကြီးက ဧည့်ကြိုကို လက်ခါပြပြီး သူတို့တို့ဘက်ကို လှည့်လာသည်။ ဒီတစ်ခါကတော့ အာရုံအစိုက်ခံရသူက You XiaoMoဖြစ်သွားသည်။ မှော်ဆရာတွေကပဲ မှော်ဆေးလုံးတွေကို ရောင်းတာဖြစ်သည်။ သိုင်းသမားတွေက မှော်ဆေးလုံးတွေ ရောင်းဖို့ လာကြမှာ မဟုတ်။ သူတို့ဘာ သူတို့တောင် သုံးဖို့ မလောက်င ဖြစ်နေသည် မဟုတ်ပါလား။
"ဘာမှော်ဆေးလုံးတွေများ ဒီက ညီငယ်လေး ရောင်းချင်တာပါလဲ မှော်ဆေးလုံး ဗဟိုအလုပ်ရုံက သာမာန် မှော်ဆေးလုံးတွေကိုမလက်ခံတာကို ဒီက အဖိုးကြီးကအရင်တော့ ပြောပြပါရစေ"
အဖိုးကြီးက သက်သက်ညာညာပဲ ပြောလိုက်တာဖြစ်သည်။ ဒါကလဲ You XiaoMo က အဆင့်နိမ့်မှော်ဆရာ တစ်ယောက်ဖြစ်တာကို ကြည့်ပြီး ဒီအချက်ကို ထောက်ပြလိုက်တာဖြစ်သည်။ အဆင့်နိမ့်မှော်ဆရာတွေ မှော်ဆေးလုံးကို သန့်စင်သည့်နေရာမှာ ကန့်သတ်ချက်တွေရှိသည်။ အဆင့်တစ်မှ အဆင့်သုံးအထိသာ ရှိသည်။ အများစုသည် အဆင့်နိမ့် ဆေးလုံးများသာဖြစ်ကြသည်။ မှော်ဆေးလုံးဗဟိုအလုပ်ရုံက အဆင့်နိမ့်ဆေးလုံးများကို လက်မခံပေ။
You XiaoMo ကလဲ သူဘာကို ဆိုလိုသည်ကို သိသည်။ သူအများကြီး ပြောမနေပဲ သူယူလာသည့် မှော်ဆေးလုံးတွေထဲ့ထားတဲ့ ပုလင်းငါးပုလင်းကို သာ သူ့မှော်အိတ်ထဲကထုတ်ပြီး သူတို့ရှေ့ကို တင်လိုက်သည်။
အဖိုးကြီးက ပုလင်းတစ်လုံးကို ယူကြည့်သည်။ ပုလင်းကို ဖွင့်လိုက်တာနဲက ဆေးလုံးရဲ့ ပြင်းပျတဲက အနံကို အာရုံခံနိုင်သည်။ နှာဝကို ဆေးအနံ့ လာရောက် ထိတွေ့ချိန်မှာ အဖိုးကြီးရဲ့ မျက်နှာ အမူအယာ အနည်းငယ် ပြောင်းလဲသွားသည်။ သူချက်ချင်း ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ရွှေဝါရောင် ဆေးလုံးဝိုင်းဝိုင်းလေးက ပုလင်းနှုတ်ခမ်းကနေပြီး သူ့လက်ဝါးပေါ်ကို ရောက်လာသည်။ မှော်ဆေးလုံးရဲ့ အနံ့နှင့် ခံစားရမှုက ပထမတန်းစားဖြစ်သည်။ ထိတ်လန့်စရာကောင်းလှအောင်ကို အဆိုပါဆေးလုံးက အဆင့်နှစ် ထိပ်တန်းဆေးလုံးဖြစ်သည်။
အဖိုးကြီးက ပုလင်းကို သေချာအနီးကပ် ထပ်ကြည့်တော့ အထဲမှာ ဆေးလုံး ငါးဆယ်ထပ်မနည်းပါဝင်သည်။ နောက် သူအခြား ပုလင်းလေးပုလင်းကို တစ်ပုလင်းစီ ကြည့်တော့သည်။ အကုန်လုံးက ထိပ်တန်း အဆင့်နှစ်ဆေးလုံးများဖြစ်ကြပြီး ပုလင်းတိုင်းမှာ ဆေးလုံး ငါးဆယ်စီ ပါရှိသည်။ အဖိုးကြီးရဲ့ မျက်လုံးထဲမှာ မယုံနိုင်ခြင်းတွေ ဖျတ်ခနဲ ပေါ်လာသည်
"ဒါ .....တွေအားလုံးကို မင်းဖော်ထားတာလား"
အဖိုးကြီးက You XiaoMo ကို အံ့သြခြင်းနဲ့ မယုံနိုင်တွေနဲ့ ငေးကြည့်နေသည်။
သူခံစားရသလောက်က ဒီပုဂ္ဂိုလ်သည် အားကောင်းတဲ့ ၀ိဥာဏ်လဲ မရှိ အသက်ကလဲ ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ထက်ပင် မပိုသေးသူဖြစ်သည့်အပြင် အဆင့်နှစ်မှော်ဆရာမျှသာဖြစ်သည်မို့ အရမ်းကို ခက်ခက်ခဲခဲ စိတ်ထဲမှာ ခန့်မှန်းနေရသည်။ အဓိက အကျဆုံးကတော့ ထိပ်တန်းဆေးလုံး နှစ်ရာ့ငါးဆယ်ကို ဖော်စပ်နိုင်တာကို ဖြစ်သည်။
ပြောရကြေးဆိုလျှင် မှော်ဆေးလုံးဗဟိုအလုပ်ရုံသည် HunJi မြို့ရဲ့ အကြီးမားဆုံးသော မှော်ဆေးလုံးအရောင်းဆိုင်ဟု ဆိုနိုင်တာတောင် ထိပ်တန်းအဆင့်မှော်ဆေးလုံး နှစ်ရာ့ငါးဆယ်ကိုတော့ တစ်ချိန်ထဲမှာ မကိုင်ထားဖူးချေ။ ပြီးတော့ သူက ဘယ်ကများ အဆင့်မြင့် မှော်ဆေးပင်တွေများ ရရှိနေပါသလဲ?

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Opowieści tętniące życiem. Odkryj je teraz