Chapter 3

6.6K 845 130
                                    

/Unicode/

တစ်ငြိမ့်ငြိမ့်နဲ့ သွားနေတဲ့ ဝေါယာဥ်ပေါ်ကနေ ၊ ဂျီမင်
ပြတင်းပေါက်ကိုဆွဲဖွင့်ပြီး ပတ်၀န်းကျင်ကို
တစ်ချက်အကဲခတ်လိုက်သည် ။ ဝေလီဝေလင်း အချိန်က နေကောင်းကောင်း မထွက်သေးပေမယ့် ၊
အမှောင်ထဲမှာ ကောင်းကောင်းမြင်နိုင်တဲ့ မျက်လုံး
တွေကြောင့် သူ ဘေးပတ်၀န်းကျင် တစ်ခုလုံးကို
ရှင်းရှင်းလင်းလင်းမြင်နေရတယ် ။ ရင်းနှီးနေတဲ့
ပတ်၀န်းကျင် အနေအထားနဲ့ ၊ ချယ်ရီကျွန်းက
စထွက်လာတဲ့ အချိန်ခန့်မှန်းချက်အရ ၊ အခု
ရောက်နေတာ ကောင်းကင်ဘုံရဲ့ နယ်နမိတ်
အစလောက် ဖြစ်မယ်လို့ သူထင်မိတာပဲ ။

သူထင်တာမှန်တဲ့အကြောင်း သိပ်မကြာခင်မှာ
ကြားလိုက်ရတဲ့ ဂိတ်တံခါးဖွင့်သံက အဆုံးအဖြတ်
ပေးတယ် ။ အမှန်တကယ် ကောင်းကင်ဘုံကို
ရောက်လာတဲ့အခါ ဂျီမင် ၀မ်းနည်းသလိုလိုကြီး
ဖြစ်လာရသည် ။ မယ်တော်တို့ကို လွမ်းတဲ့ စိတ်နဲ့
သူတစ်ပါး နယ်မြေထဲမှာ ဆိုတဲ့ စိတ်က ၊ တကယ်ကို
အဆင်မပြေစေဘူး ။ ဖြစ်နိုင်ရင် အမှောင်လောက
မှာပဲ နေချင်ပေမယ့် ၊ ဘယ်လိုမှ မတတ်နိုင်တဲ့အတွက် ဂျီမင် ကောင်းကင်ဘုံကို လိုက်ခဲ့ရသည်။
အဲ့ဒီ့ ဂျွန်ဂျောင်ဂုက အိမ်ရှေ့စံ ဖြစ်နေတော့ ၊
ကောင်းကင်ဘုံကနေ ထွက်လာပြီး အမှောင်လောက
မှာ လာနေဖို့ဆိုတာ တကယ် မဖြစ်နိုင်တဲ့ ကိစ္စကြီး ။

ဂျီမင် တစ်ယောက်တည်း အတွေးတွေ ပျံ့လွင့်နေ
တုန်း ၊ အနည်းငယ်ကြာတဲ့ အချိန်မှာပဲ သွားနေတဲ့
ဝေါယာဥ်ဟာ တစ်ဖြည်းဖြည်းရပ်သွားပြီး ၊
တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးလာသည်။

" ကောင်းကင်ဘုံကနေ ကြိုဆိုပါတယ် ဂျီမင် "

ပြုံးပြရင်းနဲ့ ​ဝေါယာဥ်ရှေ့ကနေ မတ်တပ်ရပ်ကာ
လက်ကမ်းပေးနေတဲ့ အိမ်ရှေ့စံ။ အမှောင်ထဲမှာ
တောင် တောက်ပနေတဲ့ အပြုံးတွေကို အမြင်ကတ်
စွာပဲ ၊ ဂျီမင် နှာခေါင်းရှုံ့လိုက်သည်။ စိတ်ထဲက
မပါပဲ လက်ခံလိုက်ရတဲ့ သတို့သားကို ဒီလောက်
တောက်တောက်ပပ ပြုံးပြီး ကြိုဆိုနိုင်တာ ၊
ချီးကျူးစရာပဲ ။ ဟန်ဆောင်မှုတွေကို သိပ်သဘော
မကျလှတဲ့ သူကတော့ မကြိုက်ရင် မကြိုက်သလို
ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံမှာ ။ ကောင်းကင်ဘုံနဲ့ အမှောင်လောကရဲ့ မဟာမိတ်ကြောင့် ၊ ပြုလုပ်ရတဲ့
ဒီမင်္ဂလာပွဲကို ဘာပြဿနာမှမရှာပဲနဲ့ လက်ခံလိုက်
တာကိုပဲ ကျေးဇူးတင်သင့်သေးတာ မဟုတ်လား ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now