Thank You ( Q & A )

1.1K 113 119
                                    

/ Unicode /

နောက်ဆုံးတော့ 3 နှစ်လောက်ရေးလာရတဲ့
My Precious Demon လေးပြီးသွားပါပြီ
yayyyyyy 💥💥🔥🔥✨✨
အာဆာ့ Mood Right Now ကတော့
ပျော်တစ်ဝက် စိတ်မကောင်းတစ်ဝက်ပါပဲ ။
အစအဆုံးရေးပြီးခဲ့ပြီမို့လို့ ပျော်ရပေမယ့်
Plot တစ်ခု Character တစ်ခုဆိုတာ နောက်ထပ်
ပုံစံတူထပ်ရေးဖို့ မလွယ်တာမို့ နှမြောလည်း
နှမြောပါတယ် TwT ပြီးတော့ ဒီကလေးက
ကိုယ်ရေးသမျှထဲ အချိန်အကြာဆုံး ၊ အပိုင်း
အများဆုံး ၊ Character အစုံဆုံးဖြစ်တဲ့အပြင်
အရမ်းသဘောကျတဲ့ Fantasy type မို့လို့
တကယ်ကို လွမ်းနေတော့မှာ ။

project တွေလုပ်လိုက် ဒီကလေးကိုရပ်ထားလိုက်
နေမကောင်းလို့နားလိုက် ဒီကလေးကိုရပ်ထားလိုက်
တစ်ခုခုဆိုတာနဲ့ ဒီကလေးကိုပဲ ပစ်ပစ်ထားလိုက်
လုပ်မိခဲ့တာကိုလည်း အများကြီး အားနာပါတယ် ။
ဘာပဲဖြစ်ဖြစ် 4 , 5 , 6 နှစ်မဖြစ်ခင်လေး
ဇာတ်သိမ်းသွားတာပဲ UrsaMajor ကို တော်တော်
ကျေးဇူးတင်မိပါတယ် 😁

❤️ နတ်ဆိုးလေးအတွက် ပထမဆုံးကျေးဇူးတင်ချင်
တာကတော့ ကိုယ့်မမ pan_do_raကိုပါ ။
နတ်ဆိုးလေးရဲ့ plot ကို လွန်ခဲ့တဲ့ 3 နှစ်က
မမက စဥ်းစားခဲ့တာပါ ။ အမှောင်လောကနဲ့
ကောင်းကင်ဘုံက မဟာမိတ်ကြောင့် လက်ထပ်
ရတာမျိုးလေးရေးရင် ဘယ်လိုလဲ ငယ်လေးလို့
အကြံပေးရာကနေ စရေးဖြစ်ခဲ့ပါတယ် ။ အဲ့ဒီ
အတွက်ရော အမှားပါရင် ပြောပြပေး ပြင်ပေးတဲ့
အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်လို့ ။
မမဆီကလည်း fiction လှလှလေးတွေ မျှော်နေ
ပါ့မယ် ။ ပေါက်စီအခွံခွာတာလေး Extra
ရေးပေးဦးနော် 🌚

❤️ နောက်ထပ်ကျေးဇူးတင်ချင်တာက ဘေဘီလို့
ကိုယ်အမြဲခေါ်တဲ့ ကိုယ့်ရဲ့ စာဖတ်သူတွေပါပဲ ။
update ကို စိတ်ရှည်ရှည်စောင့်ပေးတဲ့အတွက်ရော
အရမ်းလှတဲ့နာမည်လေးတွေနဲ့ Reading List တွေ
အတွက်ရော ၊ Feedback တွေအတွက်ရော ၊
ချစ်ဖို့ကောင်းအောင် update တောင်းတတ်တာ
လေးတွေအတွက်ရော ကျေးဇူးအများကြီး
တင်ပါတယ်ရှင် ။ ဇာတ်သိမ်းအထိအတူတူရှိပေးပြီး
သဘောကျပေးတဲ့အတွက် အများကြီးအများကြီးကျေးဇူးတင်ပါတယ် ။

အထူးသဖြင့် ကျေးဇူးတင်ချင်တာက Feedback
ကလေးတွေပေးနေကျ ဘေဘီတို့ကိုပါ ။ ဘေဘီ
တို့ကို ကိုယ်အမြဲတမ်းမှတ်ထားပါတယ် ။ တစ်ခါ
တလေ ပုံမှန်တွေ့နေကျအချိန်မှာ မတွေ့မိရင် Noti
မတက်လို့လား ဘာများအဆင်မပြေလို့လဲဆိုပြီး
သတိရမိတယ် ။ စာတစ်ကြောင်းချင်း စာတစ်ပိုဒ်
ချင်း အပေါ်မှာ အမြင်လေးတွေ ချန်ချန်ထားခဲ့ရတာ
သိပ်တော့မလွယ်ကူဘူးလို့ ထင်ပါတယ် ။ update ဖို့
အတွက် ရှေ့အပိုင်းတွေပြန်ဖတ်ရင် ဘေဘီတို့
Feedback လေးတွေကိုပါ အမြဲတမ်းပြန်ဖတ်
ဖြစ်တော့ အဲ့ဒီအခါတိုင်းမှာ " သြော် ငါ့ကလေး
တွေက သေသေချာချာကိုဖတ်ပေးကြတာပဲ " လို့
တွေးရင်း သဘောကျ ပြုံးမိတာပါပဲ ။ ကိုယ့်အတွက်
အားဆေးလုံးလေးတွေ ဖြစ်ပေးခဲ့ကြလို့ ကျေးဇူး
အများကြီးတင်ပါတယ်နော် ။

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now