Chapter 5

5.5K 716 253
                                    

/ Unicode /

ခပ်ဖြည်းဖြည်းလမ်းလျှောက်နေရာကနေ ဂျောင်ဂု
ဘေးက နတ်ဆိုးပေါက်လေးကို လှည့်ကြည့်
လိုက်သည် ။

" အဆင်ပြေရဲ့လား ဂျီမင် "

" ဘာမပြေစရာ ရှိလို့လဲ "

တစ်ချက်မှမလျှော့တဲ့ မျက်နှာကြောနဲ့ လေသံမာမာ
က ၊ ဒီကလေးရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေ
ပါရော ။

" အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့က မကြာခဏ
တွေးဖူးနေတာပဲကို "

ဖြေရှင်းတာလည်း မဟုတ်တဲ့ ခပ်အေးအေး
စကားသံကို ၊ ဂျောင်ဂု ဘာမှထပ်မတုံ့ပြန်တော့ပဲ
ခေါင်းသာငြိမ့်ပြလိုက်သည် ။

ဂျီမင် ကောင်းကင်ဘုံကိုရောက်တာ ၊ ဒီနေ့နဲ့ဆို
နှစ်ရက်မြောက်တောင် ဖြစ်နေပြီဆိုပေမယ့် ၊
နှစ်ယောက်အတူတူ ခမည်းတော်တို့ကို ဂါရဝမပြု
ရသေးဘူး ။ အဲ့ဒါကြောင့် ဒီနေ့မနက် ဂါရဝပြုရင်း
မနက်စာပါ အတူတူစားဖို့အတွက် ၊ ခမည်းတော်ရဲ့
နန်းဆောင်ကို သွားနေကြတာပင် ။ ကောင်းကင်ဘုံ
ကို အခုမှစရောက်တဲ့အပြင် ၊ ကောင်းကင်ဘုံရဲ့
အကြီးအကဲ ၊ တစ်နည်းပြောရရင် ၊ ကိုယ့်အမျိုးသား
ရဲ့ ခမည်းတော်နဲ့ တွေ့ရမယ့် ဂျီမင်ကို ၊ စိတ်ထဲ
နေရခက်နေရမှာစိုးလို့ အဆင်ပြေရဲ့လားလို့
သူမေးနေမိတာ ။ အခုအဆင်ပြေတယ် ဆိုတော့
လည်း ပြီးတာပါပဲလေ ။ တကယ်အဆင်ပြေ
မပြေ ကတော့ ၊ သူ သေချာ စောင့်ကြည့်ပေး
ရမှာပေါ့ ။

" ကျွန်တော်တို့ ရောက်ပါပြီ ခမည်းတော် "

ဂျောင်ဂုရဲ့ နှုတ်ဆက်သံကြောင့် ဂျီမင်လည်း
စားပွဲမှာ ထိုင်နေတဲ့ အရှင်မင်းကြီး ၊ မိဖုရားကြီး နဲ့
သခင်လေး ဂျောင်ဟိုဆော့ တို့ကို ၊ ကိုယ်ကို
ကိုင်းညွှတ်ပြီး နှုတ်ဆက်လိုက်တယ် ။

" နောက်ကျသွားတာ တောင်းပန်ပါတယ် ၊ အမှန်ဆို
ကျွန်တော်တို့က အရင်ရောက်နေသင့်တာကို "

" မဟုတ်တာပဲ ၊ မယ်တော်တို့ကသာ စောရောက်
နေတာ ၊ လာ ထိုင် ကလေး "

* ကလေး * ဆိုတဲ့ နာမ်စားကြောင့် ဂျီမင် မိဖုရားကြီး
ကို ၊ ခပ်ချွဲချွဲလေး ရယ်ပြလိုက်သည် ။ ထင်ထားတာ
ထက် ပိုသဘောကောင်းတဲ့ မိဖုရားကြီးဟာ ၊
မယ်တော့်ကိုတောင် ချက်ချင်း သတိရသွား
စေတယ် ။ 

𝑴𝒚 𝑷𝒓𝒆𝒄𝒊𝒐𝒖𝒔 𝑫𝒆𝒎𝒐𝒏Where stories live. Discover now