မျက်ရည်များ၏ နောက်ကွယ်

Start from the beginning
                                    

ကျွန်မ မခံစားနိုင်တော့ဘူး...
" လင်းသော်တာ နင်က တကယ်ဘာလဲ??? "

အရမ်းမွန်းကြပ်လာသော ခံစားချက်များနှင့်အတူ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ရင်း ကုတင်ပေါ်မှ ကုန်းထကာ အောက်ထပ်သို့ ပြေးဆင်းသွားခဲ့မိသည်။

" လင်းသော်တာ ...နင်က ငါ့ကို ရှောင်ချင်တယ်ပေါ့ နင်ဘာသာ ဘယ်လိုရှောင်ရှောင် ငါရအောင် လာခဲ့မယ် နင့်ဆီကို... နင်ဘာဖြစ်နေလဲ ငါသိကို သိရမှဖြစ်မယ်..."

ကျွန်မ ဒေါသလက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ည သုံးနာရီခွဲကြီး တက္ကစီ ငှားရန် ကျောင်းရှေ့ ပြေးထွက်လာခဲ့မိသည်။

ရင်ထဲမှာလည်း ပေါက်ကွဲနေသည့် ဒေါသမီးတောက်ကြောင့် မျက်ဝန်းတွေလည်း စိုစွတ်လာသည်။

ထိုမျက်ရည်က ဝမ်းနည်းလို့ ကျတာတော့မတော့ ... ဒေါသမီးတောက် အဖျားခတ် ရိုက်နှက်မှုကြောင့် စိတ်ထဲမှ ပေါက်ကွဲ ထွက်လာသော မျက်ရည်စများသာ ဖြစ်သည်။

" ဟာ လိုအပ်ပြီဆိုမှ ဒီ တက္ကစီတွေက တမျိုး လာကို မလာတော့ဘူး.!!!!!! "

" တောက်!!!!! "

" Taxi တွေက ကုန်ကုန်ပြီလား!!!!!!!! "
ဒေါသမီးလျှံက ကိုယ်ကိုယ်ကို ပူလောင်နေရုံတင်မက Taxi သမားတွေပါ အမဲခံ ဖြစ်ကုန်တော့သည်။

" လာစမ်းပါ တစီးလောက်!!!!! "
ကျွန်မတယောက်တည်း စကားပြော
ဂနာမငြိမ် ဖြစ်ရင်း Taxi တစ်စီး ဖြတ်သွားဖို့အရေး ဟိုတကြည့်ကြည့် ဒီတကြည့်ကြည့်ဖြစ်နေခဲ့သည်။

ထိုသို့ ဖင်တကြွကြွနှင့် ဒေါသထွက်နေတုန်းပင် ကျွန်မနား မလှမ်းမကမ်း မှနေ၍ မီးအလင်းရောင် တစ်ခု က ကျွန်မရပ်နေသော နေရာသို့ တည့်တည့်ကြီး ဝင်ချလာသည်ကို သတိထားမိလိုက်သည်။

" Taxi များလား..."
ကျွန်မ စိတ်ထဲ မျှော်လင့်တကြီးဖြင့်သာ ထို မီးအလင်းရောင်အား စောင့်ကြည့်နေခဲ့သည်။
တဖက်က မီးအလင်းရောင်က အရမ်းစူးနေတော့ Taxi လား ဘာလားသေချာ မမြင်ရပဲ ဝေဝါးနေသည်။

သို့ပေမဲ့ ထိုမီးအလင်းရောင်က ကျွန်မနားလည်း ရောက်ရော မှိန်ချလိုက်ရင်း ဘေးနားပင် ထိုးရပ်လိုက်သည်ကို တွေ့လိုက်ရသည်။

လရောင်ချစ်သော နွေWhere stories live. Discover now