ပိုင်ရှင်​မှန်​ RO (ကျေးဇူးတင်လွှာ) Z&U

1.3K 110 37
                                    

Updateလေးတင်လို့ ဝမ်းသာသွားကြလား... ထင်သလိုမဟုတ်လို့တောင်းပန်ပါတယ်။ ပုံမှန်ဆိုရင်ဒီနေ့ဟာ RO updateတင်ရမဲ့ရက်ပေါ့။ ဒါပေမယ့်လဲ...

15 Aug 2019 ကစခဲ့တဲ့ Real Owner (ပိုင်ရှင်မှန်) လေး 15 Dec 2019မှာ အောင်မြင်စွာပြီဆုံးသွားခဲ့ပါပြီ။

ဒီလေးလအတွင်းမှာ အတူလိုက်ပါစီးမြောပေးခဲ့ကြတဲ့ PSမား(Trigon)တစ်ယောက်ချင်းစီးကို ကျေးဇူးအထူးတင်ပါတယ်။ Like/Voteပေးခဲ့တဲ့သူ အကြံလေးတွေပေးခဲ့တဲ့သူ ကွန်မန်တွေဝင်ရေးပေးခဲ့သူ Silent-readerလေးတွေအဆုံး အားလုံးအားလုံး တစ်ယောက်မကျန် အကုန်လုံးကိုကျေးဇူးတင်ပါတယ်။ ကိုယ့်ပြန်စာတွေemotionတွေပဲဖြစ်နေတာက ကိုယ်စကားမှားပြောမိမှာစိုးလို့ပါ နားလည်ပေးကြပါလို့။ ကိုယ်ကFicထဲမှာသာ စကားလုံးတွေကြွယ်တာ အပြင်မှာတော့ တခုခုမှားပြောမိမှာစိုးပြီ နုတ်ဆိတ်နေတက်သူပါ။

အရမ်းချစ်တက်တဲ့Miloနဲ့ အရမ်းဆိုးနွဲ့တက်တဲ့Bunnyလေးကိုချစ်ပေးကြလို့လဲ ကျေးဇူးတင်ပါတယ်။ အမှန်တိုင်ပြောရရင် ဒီFicကိုစရေးတုန်းက ဒီလောက်အရှည်ကြီးရေးဖို့မပြောနဲ့ အပိုင်း(၂၀)တောင်ရအောင်ရေးနိုင်ပါ့မလား စိုးရိမ်ခဲ့မိတာ ကလေးတွေကိုချစ်ခင် အားပေးကြတဲ့PSမားတွေကြောင့် ကိုယ့်ဇာတ်လမ်းလေးပိုပြီအသက်ဝင်ခဲ့ရတာပါ။ ဒီFicလေးကြောင့် FB/Wattpadမှာ ကိုယ်Friendsတွေအများကြီးတိုးလာတယ်။

ကိုယ်ကကလေးတွေကိုချစ်လွန်းလို့ ဇာတ်လမ်းလေးဖန်တီးချင်တဲ့စိတ်ပဲရှိခဲ့တာ တကယ်တော့စာရေးတဲ့အတွေ့အကြုံဘာမှမရှိခဲ့တော့ ပထမဆုံးရေးတဲ့ကိုယ့်အရေးအသားကြောင့် ဇာတ်လမ်းလေးပေါ့ပေါ့ပျက်ပျက်ဖြစ်မှာ စိုးရိမ်မိခဲ့တယ်။ ဇာတ်လမ်းကိုကြိုတင်အကွက်ချပြီရေးတာမဟုတ်ပဲ စရေးတဲ့အချိန်ကျမှ ဒါကိုဒီလိုရေးမယ်စိတ်ကူးပြီ လက်တန်းချရေးခဲ့တာ။ တခါတလေupdateပေးမဲ့နေ့ရောက်တဲ့အထိ ဖုန်းစခရင်ပြင်ကြီးကိုကြည့်ပြီ ဘာမှစဉ်းစားမရပဲ ဘယ်လိုရေးရမလဲမသိပဲဖြစ်ခဲ့ဖူးတာလဲရှိတယ်။ အစလေးကိုခက်ခက်ခဲခဲစဉ်းစားမိပြီ ရေးရင်းနဲ့ဈာန်ဝင်သွားခဲ့ရတဲ့အပိုင်းတွေလဲရှိတယ်။ သွားရင်းလာရင်းအမှတ်တမဲ့တွေ့ကြုံရတာတွေကို အာ ဒါလေးကလေးတွေဇာတ်ထဲထည့်ရေးရမယ်ဆိုပြီ စဉ်းစားမိပြီရေးခဲ့တဲ့အပိုင်းတွေလဲရှိတယ်။ ဥပမာ-မနက်ခင်းလေ့ကျင့်ခန်းလုပ်တဲ့အပိုင်းလေး အဲ့အပိုင်းကို ကိုယ်မနက်ခင်းလေ့ကျင့်ခန်းလုပ်ရင်း စဉ်းစားမိပြီထည့်ရေးလိုက်တာပါ။

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now