ပိုင်ရှင်မှန်​ RO-18 Z&U

1.7K 122 18
                                    

"အရေးပါဆုံးသူ"

Perth​ ညကလဲစာမပို့​ ဒီမနက်လဲစာမပို့ထားသဖြင့်​ Saintတယောက်နေလို့အဆင်မပြေပါ... စိတ်မကောင်းဖြစ်သွားတာ​ Perthအသံပြောင်းသွားကတည်းကသူသိသည်။ ဒါပေမယ့်ထုတ်မပြောပဲ​ နုတ်ပိတ်နေသောကြောင့်​ Saintမှာအခက်တွေ့နေသည်။

"Saint... မျက်နှာမကောင်းပါလား​ ဘာဖြစ်နေတာလဲ"

Plannတယောက်​ သူ့ကိုကျောင်းသွားဖို့လာခေါ်တဲ့​ Saintကားပေါ်ရောက်ကတည်း​က ငြိမ်ပြီမျက်နှာမကောင်းသောကြောင့်​ လှမ်းမေးလိုက်သည်။

"Miloညကငါ့ကိုစိတ်ဆိုးသွားတယ်ထင်တယ်​ ညကလဲစာမပို့ထားဘူး​ ဒီမနက်လဲစာမပို့ဘူး​ 😔"

"သူအလုပ်များပြီ​ မေ့သွားတာနေမှာပါ​ ညနေလောက်ဆိုဆက်မှာပေါ့မင်းကလဲ​ တညလေးပဲရှိသေးတာကို"

"တစ်ညမဟုတ်ဘူး​ တစ်ညနဲ့တစ်မနက်... ပြီတော့​ Miloတခါမှငါ့ဆီစာပို့ဖို့​ မမေ့ဖူးဘူး​ ခုသူတခုခုစိတ်ခုနေလို့​ ခုလိုနေနိုင်တာ😔"

"​ဟမ်... အော်​ အေးပါ"

💭တစ်ညနဲ့တစ်မနက်လေးကို​ ပြောနေလိုက်တာ​ တစ်လလောက်မဆက်တဲ့အတိုင်းပဲ​ ကိုယ်တောင်ရန်ပြန်စွာနေတာ

Plannစိတ်ထဲမှာသာပြောဖြစ်ပါသည်။ အပြင်ထုတ်ပြောလို့မဖြစ်​ ရာသီဥတုအခြေနေကမကောင်း​ ကိုယ်ဖက်မဲလာမှာစိုးရသည်။ အတန်းချိန်နားမှ​ N'ဆီဖုန်းဆက်မေးရမည်။
Plannအတွေးများနေစဉ်...

📳📳📳

"ဟဲလို..."

"Saint... ကိုယ်ပါ"

"ဘယ်သူလဲ"

"ဟာ... Saintကအမေ့မြန်တာပဲ​ ကိုယ့်နံပါတ်လဲမမှတ်ထားဘူးထင်တယ်​ ကိုယ်Zeeပါ"

"အာ... P'Zee... ဆောရီး... Saintကားမောင်းနေတော့​ နာမည်မကြည့်လိုက်မိတာ​ အသံကလဲမမှတ်မိလို့"

"ရပါတယ်... Saintခုကျောင်းသွားနေပြီးလား"

"အင်းဟုတ်တယ်​ ဘာဖြစ်လို့လဲ"

"​အာ​ ကိုယ်ကိုကျောင်းသွားရင်ခေါ်မယ်ပြောထားတာ​ မေ့ပြန်ပြီထင်တယ်"

"​အောင်း... ဟုတ်သားပဲ​ ထပ်တောင်းပန်ပါတယ်​ Saintဒီနေ့စိတ်တွေနည်းနည်းလွင့်နေလို့​ ခု​Saintတို့ကလမ်းမှာပဲ​ ရှိသေးတယ်​ P'Zeeအဆင်သင့်ဖြစ်နေရင်​ တစ်ခါတည်းဝင်ခေါ်မယ်လေး​ ရမလား"

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now