ပိုင်ရှင်မှန်​ RO-27 Z&U

1.5K 92 24
                                    

"ကောလဟာလ"

Perth Saintတို့အိမ်ကိုသာကားမောင်းသွင်းလိုက်သည်။ Saintကတနေကုန်ချွေးများထွက်ထား၍ ရေချိုးခန်းထဲဝင်ကာရေတန်းချိုးတော့သည်။ PerthလဲSaintစာကြည့်စားပွဲမှာထိုင်ရင်း ပြန်ရလာသောဆွဲကြိုးလေးကိုကိုင်ပြီ အတွေးများနေမိသည်။ ဒီဆွဲကြိုးလေးတစ်ခုကြောင့်ဒီလောက် တုန်လှုပ်နေရရင် ဒီထက်ပိုဆိုးတာတွေဖြစ်လာရင် သူဘယ်လိုကိုင်တွယ်ဖြေရှင်းရမည်နည်း။ ယုန်ပေါက်လေးကိုသူယုံကြည်ပေမယ့် ကံကြမ္မာကိုတော့သူမယုံပါ။ Saintရေချိုးခန်းထဲကထွက်လာတော့ ဆွဲကြိုးကိုကြည့်ပြီ ငူငူကြီးထိုင်နေသော Perthကိုတွေ့တာကြောင့်။

"Milo... ခုထိစိတ်မကောင်းဖြစ်နေတုန်းလား"

"ကျွန်တော်စိတ်မထိန်းနိုင်ပဲ ပြုမူမိတဲ့အတွက် Bunnyကိုထိန့်လန့်စေသလို မျက်နှာလဲပျက်စေရလို့ တောင်းပန်ပါတယ်နော်"

"ဟင့်အင်း Miloတောင်းပန်စရာမလိုဘူး တကယ်အမှားလုပ်ထားတာ Bunnyမို့ Bunnyကပဲတောင်းပန်ရမှာ ဆွဲကြိုးလဲဖျောက်ပြစ်တယ် Miloစကားနားမထောင် Miloကိုအသိမပေးပဲနဲ့ လုပ်ချင်တာလုပ်မိလို့ Miloကစိတ်ပူလွန်ပြီလုပ်လိုက်မိတာမို့ Bunnyနားလည်တယ် Bunnyကိုခွင့်လွှတ်နော်"

Perth ရေချိုးပြီစ မွှေးသန့်နေပြီ ည၀တ်ဝမ်းဆက်လေးနဲ့ ချစ်စရာကောင်းနေသော Bunnyလက်လေးကိုဆွဲလိုက်ပြီ သူပေါင်ပေါ်ထိုင်စေကာ ခါးလေးကိုလှမ်းဖက်လိုက်ပြီ သူကတော့Bunnyရင်ခွင်ထဲခေါင်းလေးအပ်ထားမိသည်။

"ကျွန်တော်တို့ရဲ့ ပျော်ရွှင်နေတဲ့ဘ၀လေး ပျက်စီးသွားမှာကျွန်တော်အရမ်းကြောက်တယ်Bunny... Bunnyကိုသူများလက်ထဲဆုံးရှုံးရမှာလဲ ကျွန်တော်ကြောက်တယ် Bunnyကကျွန်တော်ကို စွန့်ပြစ်သွားမှာလဲ ကျွန်တော်စိုးရိမ်မိတယ်"

ရင်ခွင်ထဲဝင်ကာ ကလေးတယောက်လို စိုးရိမ်မှုတွေပြောနေသော Perthပုခုံးလေးကို Saintပြန်ဖက်လိုက်ရင်း...

"Bunnyကဘာလို့ Miloကိုစွန့်ပြစ်ရမှာလဲ ပြီတော့Bunnyတို့ကဘယ်သူခွဲခွဲကွဲရအောင် Miloတစ်သတ်ရှိခဲ့တဲ့ Bunnyတို့ရဲ့သံယောဇဉ်က သေးသေးလေးမှမဟုတ်တာ Miloဘာမှမကြောက်နဲ့နော်"

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now