ပိုင်ရှင်​မှန်​ RO-29 Z&U

1.6K 124 66
                                    

"လမ်းခွဲ"

Saintအခန်းထဲတွင်​ ဂနာမငြိမ်ဖြစ်နေသည်။ အကြောင်းကတော့​ ညနေအိမ်ပြန်ရောက်ပြီခနအကြာ...

📳📳📳

"ဟဲလို​ Miloပြန်လာပြီလား"

"မပြန်လာသေးဘူး​ Bunnyအိမ်ရောက်ပြီလား"

"အင်း​ ခုနကတင်ပြန်ရောက်တယ်"

"အင်း​ စိတ်ပူလို့လှမ်းဆက်တာ​ ကျွန်တော်မကြိုနိုင်လို့​ တောင်းပန်တယ်နော်​ စိတ်မဆိုးနဲ့နော်"

"အင်း​ ရပါတယ်​ Miloကဘယ်တော့မှပြန်လာမှာလဲ"

"ကျွန်တော်နည်းနည်းနောက်ကျမယ်​ စောင့်မနေနဲ့နော်​ ထမင်းစားနားပြီ​ အိပ်တော့နော်"

"​အင်း😔"

ခုအရမ်းညဉ့်နက်တဲ့ထိ​ Perthပြန်မရောက်သေးသဖြင့်​ Saintတယောက်အိပ်မပျော်နိုင်ဖြစ်နေသည်။

💭Miloခုထိပြန်မလာသေးဘူး​😟 ဘာလို့လဲ​ ဘာလို့ဒီလောက်နောက်ကျရတာလဲ​😞 နည်းနည်းနောက်ကျမယ်ပြောတာ​ ဘယ်အချိန်ထိလဲ😥 ကျောင်းကသူတွေပြောသလိုများ..... အား...... မဟုတ်လောက်ပါဘူး​ မဟုတ်ဘူး​ မဖြစ်နိုင်ပါဘူး😢 Miloကအဲလိုလူမျိုးမဟုတ်ဘူး​ သူ​ သူ​ Chompooကိုစိတ်ဝင်စားတယ်ဆိုရင်တောင်​ ဒီလိုအဖြစ်မျိုးအဖြစ်ခံမှာမဟုတ်ဘူး😢 Bunnyယုံတယ်​ Miloဒီလိုမလုပ်ဘူးဆိုတာ​ Bunnyယုံတယ်😢 အင့်​ ဟင့်😭

အတွေးများစွာနှင့် လက်သည်းထိပ်များကိုက်နေမိတာ လက်တောင်သွေးစို့ချင်သည်။ Saint​ငိုရင်း​ မောကာမှေးခနဲအိပ်ပျော်သွားချိန် ခါးဖက်ဆီမှလေးလံလာလို့​ လန့်နိုးကာ​ ငုံကြည့်လိုက်စဉ်​ ခါးအနောက်ဖက်မှ​ သိုင်းဖက်ထားသော​ ရင်းနှီးနေသောလက်တစ်စုံနှင့်​ နွေးထွေးနေသောကျောပြင်ကြောင့်...

"Milo..."

"ကျွန်တော့ကြောင့်နိုးသွားတာလား"

"မဟုတ်ပါဘူး​ Bunnyလဲ​ Miloပြန်အလာကိုစောင့်နေသေးတယ်​ မှေးခနဲဖြစ်သွားလို့"

ပြောရင်းPerthနှင့်​ မျက်နှာခြင်းဆိုင်လှည့်လိုက်သောSaint... အရင်ဆိုလက်လေးဆန့်ထုတ်ပေးပြီ ရင်ခွင်ထဲထွေးပွေးတက်သူက Saintရင်ခွင်ထဲကိုတိုးဝင်လာတော့ အလိုက်တသိလက်လေး​ဆန့်ထုတ်ပေးကာ​ ခေါင်းအုန်းစေပြီ ထွေးပွေ့ပေးလိုက်သည်။

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now