ပိုင်ရှင်မှန်​ RO-31 Z&U

1.6K 103 36
                                    

"အတိတ်ဆီသို့"

1yrs old Perth...

Saint နှင့်​ Plann ကလေးထိန်းကျောင်းမှအပြန်​ ကျောင်းကားပေါ်မှဆင်းလာချိန်...

"အီး... ဟီး... 😭😭😭"

Plannတို့အိမ်ထဲမှ​ ကလေးငိုသံကို​ ခြံ၀၀င်ကတည်းကကြားလိုက်ရ၍ Saintအိမ်ထဲအပြေးဝင်လာပြီ​ ငိုသံလာသောအခန်းလေးထဲသို့ဝင်သွားသည်။ Plannကတော့ဂရုမစိုက်​ ၀မ်းမီးဖြေရှင်းရန်အတွက်​ မီးဖိုချော်ထဲသို့ဝင်သွားသည်။

"Mae!!! ညီသစ်လေးဘာလို့ငိုနေတာလဲ"

"သားညီလေးက​ ဂျီတိုက်နေတယ်သားရယ်​ ထမင်းကျွေးတာမစားဘူး​ ဘာလိုချင်မှန်းမသိငိုနေတယ်"

"သားချော့ကြည့်မယ်... ညီသစ်လေးရေ​ P'ကျောင်းကပြန်လာပြီ​ မငိုနဲ့တော့နော်​ ဒီမှာညီသစ်လေးကြိုက်တဲ့Milo P'မသောက်ပဲယူလာပေးတယ်​ ဒီမှာ... 😃"

Saint Perthမျက်နှာရှေ့​ Miloဗူးလေးယမ်းပြတော့​ လက်သေးသေးလေးနှင့်လှမ်းဆွဲသည်။

"​Miloသောက်ချင်ရင်​ ထမင်းကိုအရင်ကုန်အောင်စားနော်​ ဒါကုန်ရင်​ Miloတိုက်မယ်နော်😃"

"​Miyo Miyo 😀😀😀"

"ကျောင်းကတိုက်တာကို​ မသောက်ပဲသားငယ်အတွက်ယူလာပြန်ပြီ​ သားSaintရယ်​ သားဘာသာသောက်ပါ"

"ညီသစ်လေးကကြိုက်တာကို​ Maeရဲ့​ သားမသောက်ရပေမယ့်​ ညီသစ်လေးသောက်တာမြင်ရင်​ သားဝမ်းသာတယ်... ဟုတ်တယ်နော်ညီသစ်လေး​ Milo Milo​ ဒီမှာMilo"

"😀😃😄😄😄"

Maeနှင့်ပြောနေရင်း Perthဖက်လှည့်ပြီတာလိုက်တော့​ အားရပါးရပြန်ရယ်ပြနေသည်။

"Maeတွေ့လာ​ ညီသစ်လေးကMiloဆိုတာနဲ့​ တဘောတကျရယ်တယ်​ နောက်ဆိုညီသစ်လေးကို​ Miloလို့ပဲခေါ်တော့မယ်​ ဒါမှသူအမြဲရယ်နေမှာ"

"အင်းပါ​ သားကြိုက်သလိုခေါ်ပါ​ သားငယ်လဲသဘောကျနေတာပဲကို"

"Miloရေ​ Miloလေးရေ"

"😄😄😄"

ထိုနေ့ကတစ်နှစ်အရွယ်ကလေးကို​ သုံးနှစ်အရွယ်ကလေးက​ Miloဗူးလေးပြပြီ​ထမင်းကျွေးလိုက်တာ​ တစ်ပန်းကန်လုံးခနလေးနှင့်​ ကုန်သွားခဲ့သည်။

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now