ပိုင်ရှင်မှန်​ RO-16 Z&U

1.9K 135 15
                                    

"လေလှိုင်းကြားကသူ့အသံ"

ကားပေါ်မှPerthဆင်းလာတာမြင်သည်နှင့်​ Uncle Peteကအပြုံးလေးနဲ့​ ကြိုနေသည်။

"ရောက်ပြီလားသား... အားလုံးအဆင်ပြေခဲ့ရဲ့လား"

"ဟုတ်ကဲ့​ ပြေခဲ့ပါတယ်​ Uncle"

"ခရီးပန်းလာရောပေါ့​ နားလိုက်အုန်းလေး​ ပြီမှညစာစားဖို့ဆင်းလာခဲ့"

"ဟုတ်ကဲ့​ Uncle Pete"

Perthအိမ်ပေါ်ထပ်ရှိ​ သူ့အခန်းထဲဝင်ပြီ​ ပစ္စည်းများချရင်း​ Bunnyကိုသတိရသွားကာ ဖုန်းဆက်ဖို့လုပ်တော့သည်။

📳📳📳

"ဟဲလို..."

"Bunny..."

"Milooo... ရောက်ပြီလား"

တဖက်မှဝမ်းသာအားရပြန်ဖြေသံလေးက​ ခရီးပန်းလာသမျှအားလုံး​ ပြေပျောက်စေသည်။

"အင်း... ခုပဲရောက်တယ်​ ရောက်တာနဲ့Bunnyကို​ သတိရလို့တန်းဆက်လိုက်တာ... ​ တော်သေးတာပေါ့​ Bunnyဖုန်းလက်ခံလို့​ အရင်ကလိုကျွန်တော်ဖုန်းကို​ neglect လုပ်မှာစိုးရိမ်နေတာ🙂"

"​Miloကလဲ​ အဲတုန်းကBunnyကစိတ်ဆိုးနေတာလေး​ ပြီတော့Miloကိုအထင်ပါထပ်မှားလို့​ neglect လုပ်တာပါ😔 ခုမလုပ်တော့ဘူးလေးနော်"

"​အင်းပါ... ကျွန်တော်ကစတာပါ☺️ Bunnyခုဘာလုပ်နေလဲ"

"​ရောက်ကတည်းက​ Miloဖုန်းကိုမျှော်နေတာ​ အဲဒါကြောင့်​ Miloဖုန်းဝင်တော့အရမ်းပျော်သွားတာ"

"နေ့လည်စာရောစားရဲ့လား"

"​အင်း​ ခနဆင်းစားတယ်​ Maလာခေါ်လို့"

"​ခုအဲ့မှာညနေစောင်းတော့မယ်မလား​ စောစောရေချိုးနော်​ မိုးအရမ်းချုပ်ရင်​ နေမကောင်းဖြစ်နေမယ်"

"​အင်း​ Miloနဲ့ဖုန်းပြောပြီရင်​ သွားချိုးမယ်လေး... Miloရော... ခုမှရောက်တာဆိုတော့​ ပင်ပန်းနေမှာပေါ့​ ညစာရောစားပြီးပြီလား"

"​အင်း​ ကျွန်တော်လဲ Bunnyနဲ့ဖုန်းပြောပြီမှ​ ရေချိုးမယ်​ ပြီမှညစာဆင်းစားမယ်"

"​မိုးအရမ်းချုပ်နေပြီကို​ ရေအရင်ချိုးစားသောက်ပြီမှ​ Bunnyဆီဆက်တာမဟုတ်ဘူး"

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now