ပိုင်ရှင်မှန်​ RO-6 Z&U

1.8K 124 5
                                    

"ခွဲခွာခြင်းအစ"

Seniorတန်း​ နောက်ဆုံးစာမေးပွဲမဖြေခင်​ တစ်လအလို...

"သားငယ်​ သားနာမည်နဲ့စာရောက်နေတယ်​ overseaကပဲ"

ကျောင်းမှပြန်လာတဲ့သူ့ကို​ Maeကလှမ်းပြောရင်းစာကိုထုတ်ပေးသည်။ စာအိတ်မှပို့သူနာမည်ကိုမရင်းနှီးပေမယ့်​ အလွတ်ရနေသောလိပ်စာကြောင့် သူဝမ်းသာသွားသလို​ ၀မ်းနည်းမှုကလဲရင်ထဲပြည့်ကျပ်လာသည်။ အချိန်ကျလာပြီလား???

"သားငယ်မျက်နှာလဲမကောင်းပါလား​ ဘာလို့​လဲ"

"သား... အနားယူလိုက်အုန်းမယ်Mae ညနေPawပြန်လာမှ​ စကားပြောကြတာပေါ့"

သူအပေါ်ကိုတက်လာခဲ့တာ​ အသက်မဲ့လူသားတယောက်လို... အခန်းထဲရောက်တော့​ စာအိတ်လေးကိုစားပွဲပေါ်တင်ကာ ကုတင်ပေါ်သို့ပြစ်လှဲချလိုက်ပြီ​ မျက်နှာကျက်ကိုအကြောင်းမဲ့ငေးကြည့်နေမိသည်။ စာအိတ်ကိုဖွင့်ဖတ်ဖို့သူမရဲဖြစ်နေခြင်းပါ... ဒီစာအိတ်ရောက်လာဖို့သူငယ်ငယ်ကတည်းက​ ကြိုးစားလာတာလေး... သူ့ရည်မှန်းချက်ပြည့်ဖို့ပထမခြေလှမ်းက​ ဒီစာအိတ်ထဲမှာလေး... ဒါကိုဘာလို့သူ့ဖွင့်ဖို့မရဲဖြစ်နေရတာလဲ? ဘာလိုရင်ထဲအရမ်းတင်းကျပ်နေရတာလဲ?

"ဟင်းးးးးး"

သူသက်ပြင်းရှည်တခုချပီ​ စာကြည့်စားပွဲတွင်ဝင်ထိုင်ကာ​ စာအိတ်ကိုဖွင့်ဖောက်လိုက်သည်။

(စာကအင်္ဂလိပ်လိုရေးထားတာလို့​ မှတ်ပေးပါ)

📄မင်္ဂလာပါ​ Perth

ငါကMr.Aeရဲ့သမီးChompooပါ။ DaddyကPerthဆီဒီစာရေးဖို့​ င့ါကိုခိုင်းလိုက်တယ်...
Perthရဲ့ပညာရည်မှတ်တမ်းကို​ Daddyနှစ်တိုင်းရပါတယ်​ ကြိုးစားထားတာတွေအတွက် လက်ခံအသိမှတ်ပြုပါတယ်တဲ့... 

ဒါကြောင့်လွန်ခဲ့တဲ့​(၁၃)​နှစ် Daddyဆီက​Perthတောင်းဆိုထားတာအတွက်​ အချိန်ကျလာပီလို့ပြောပါတယ်... အဲ့အတွက်Perthကိုအရင်ကပြောထားတဲ့အတိုင်း​ သူဆီလာခဲ့ဖို့ဖိတ်ခေါ်ခိုင်းလိုက်တာပါ...

နောက်ငါးလအတွင်းPerthဒီရောက်လာဖို့ သူမျှော်နေပါ့မယ်တဲ့... ကတိအတိုင်းလုပ်ဖို့လဲ​ မမေ့ဖို့မှာလိုက်ပါတယ်...

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now