"Darling... Honey..."
နောက်တနေ့မနက် Saintအစောကြီးနိုးလာသည်။ ဒီနေ့ကမ်းခြေမှာရေပေးကစားမယ်လို့ Perthကပြောထားသည်မဟုတ်လား။ နိုးတာနှင့်ခံစားမိသည်က ကျောနောက်ကသိုင်းဖက်ထားတဲ့ ကြင်နာတဲ့လက်တစ်စုံနဲ့ နွေးထွေးတဲ့ရင်ခွင်။ မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီ သူရောက်နေတဲ့ရင်ခွင်ကျယ်ကို အသည်းယားစွာတစ်ချက်အနမ်းပေးလိုက်သည်။ မျက်လုံးကိုအပေါ်လှန်ကြည့်လိုက်တော့ နှစ်ခြိုက်စွာအိမ်မောကျနေသော ဒီကမ္ဘာမှာသူအချစ်ရဆုံးကောင်လေးမျက်နှာက အရမ်းကိုအပြစ်ကင်းပြီ ဆွဲဆောင်နိုင်လွန်းသည်။ မနေနိုင်စွာမေးစေ့လေးကိုလှမ်းနမ်းလိုက်ပြီ ထိုမှနှာခေါင်း မျက်လုံး နဖူးတို့ကိုတဆင့်ချင် တဖြည်းဖြည်းအပေါ်တိုးတက်ရင်းနမ်းနေမိသည်။ နောက်ဆုံးနှုတ်ခမ်းလေးကိုအသာနမ်းလိုက်ပြီ နောက်ထပ် ထပ်ကာထပ်ကာနမ်းနေမိသည်။
😚😚😚😚😚
"နမ်းလို့မဝသေးဘူးလား"
"ဟင့်အင်း နိုးနေတာကိုအိပ်ချင်ယောင်ဆောင်နေတဲ့ ကောင်ကလေးမထမချင်နမ်းမလို့"
😚😚😚😚😚
"ကျွန်တော့ကိုအသည်းယားအောင် လုပ်ပြနေတယ်ပေါ့ ဟုတ်လား လာခဲ့"
Perthပြောပြီ Saintကိုအပေါ်မှအုပ်မိုးလိုက်ကာ နှုတ်ခမ်းဖူးလေးကိုဆွဲယူစုပ်နမ်းလိုက်သည်။ SaintလဲPerthလည်ပင်းကိုပြန်သိုင်းဖက်ကာ တုန့်ပြန်အနမ်းပေးလိုက်သည်။ အချိန်တခုကြာသွားမှ နှုတ်ခမ်းသားလေးများခွာသွားကြပြီ နဖူးချင်တေ့ကာအသက်လုရူနေရသည်။
"ဒီမနက်ကမ်းခြေမှာ ရေသွားကူးဖို့Miloခွင့်ပေးထားတယ်နော်"
"အင်းလေး ခုသွားချင်ပြီလား"
"အင်း ခုကတည်းကပြင်ဆင်မှာနဲ့ မနက်စာစားမှာနဲ့ဆိုအတော်လောက်ပဲ"
"အိုကေ ဒါဆိုထရအောင် Bunnyအရင်ပြင်ထားလိုက် ကျွန်တော်မနက်စာမှာထားပေးမယ်"
"Alright👌"
ထိုနောက်ကိုယ်လက်သန့်စင်ပြီ မနက်စာစားကာ ကမ်းခြေဖက်သို့ရေကူးရန်ထွက်လာကြသည်။ Perthကတော့ရေထဲမဆင်းတော့ပဲ ကမ်းစပ်ရှိထီးအမိုးအောက်ကထိုင်ခုံလေးတွင်ထိုင်ပြီ နေကာမျက်မှန်လေးတပ်ကာ Saintရေကစားနေသည်ကိုထိုင်ကြည့်နေသည်။ Saintကတော့ရေဆော့လို့မောလာလျှင် Perthနားပြေးလာပြီ ပြင်ဆင်ထားပေးတာများစားလိုက်သောက်လိုက် ပြီးရင်ရေထဲပြန်ပြေးဆင်သွားပြန်သည်။
YOU ARE READING
Real Owner (ပိုင်ရှင်မှန်) Z&U
FanfictionZawgyi ကျွန်တော်ကြိုးစားသမျှ ပြုမူနေသမျှအရာအားလုံးဟာ ခင်များအတွက်ကြီးပဲ တနေ့ခင်များနားလည်လာပါစေလို့ ဆုတောင်းမိတယ် #Perth aka Milo ဘာလို့စိမ်းကားသွားရတာလဲ အဝေးကိုတွန်းလွှတ်နေရင်း တခြားတဖက်ရောက်သွားမှာစိုးလို့ ပြန်ဆွဲခေါ်မဲ့လက်ကို စောင့်နေပါတယ် #Saint a...