ပိုင်ရှင်မှန်​ RO-19 Z&U

1.8K 133 41
                                    

"အိမ်ပြန်ချိန်လေး"

အရာအားလုံးပုံမှန်လည်ပတ်နေကြသည်။ Bunnyဆီသူဖုန်းပြန်ဆက်သွယ်ချိန် ယုန်ပေါက်လေးပျော်ရွှင်သံ ကိုယ်ဆီကစာကိုဘယ်လောက်မျှော်နေတာ အဲလိုဘယ်တော့မှထပ်ပြီ မပြစ်ထားရန်မှာကြားသံများကြားရတော့ သူစိုးရိမ်ပူပန်မှုတွေက အဝေးပြေးသွားကြပြန်သည်။ ကတိများအထပ်ထပ်တောင်းပြီ ကိုယ်ကိုဆိုးနေပြန်တော့ သူမသိပဲစိတ်ဆိုးမိတဲ့ကိုယ်က သူ့ကိုပြန်ချော့ပြီကတိပြန်ပေးနေရပြန်သည်။ စိတ်ထဲကနေတော့ တကယ်ပဲပြန်တောင်းပန်မိပါတယ် အထင်လွဲမိလို့ မယုံကြည်ပဲနေမိလို့...

အရာအားလုံးပုံမှန်ဆိုပေမယ့် အရာတခုတော့ပြောင်းလဲလာသည်။ အဲဒါကတော့... Bunnyဆီဖုန်းဆက်ချိန် တခါတလေဖုန်းမအားတက်ခြင်းပါ... P'Zeeဆိုသူဖုန်းဆက်၍ပြောနေလို့ဟု Bunnyကတော့အမှန်တိုင်းပြောပါသည်။ ထိုအချိန်ရင်ထဲမကောင်းဖြစ်သွားရသည်ကို ကိုယ်တိုင်သာသိပါသည်။ ကိုယ်တိုင်သာခံစားတော့သည်။ ကိုယ်ရဲ့ဝန်တိုမှုကြောင့် Bunnyကိုအနေမခက်စေချင်သလို စိတ်မကောင်းလဲမဖြစ်စေချင်ပါ။ ကိုယ်တွေရဲ့အချိန်တွေကိုလဲ တခြားသူကြောင့်မကုန်စေချင်လို့ သူဘာမှမမေးပါ။ ယုန်ပေါက်လေးကိုသူယုံကြည်သည်။ ဒီကိစ္စလေးကြောင့်နှင့် သူကိုသံယောဇဉ်လျော့သွားမှာ သူတို့ပတ်သတ်မှုတိမ်စောင်းမှာ မဟုတ်တာသူသိပါသည်။ သူ့အတွက် Bunnyတစ်ဦးတည်းသာရှိသလို Bunnyအတွက်သူတစ်ဦးတည်းသာရှိတာ သူယုံကြည်သည်။

ဒါပေမယ့် ကံကြမ္မာဆိုတာ မမြင်နိုင်တာသူမေ့နေခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Perthသင်တန်းမှအပြန် ခြံထဲအ၀င် အပင်လေးအောက်ထိုင်နေသော Chompooကိုတွေ့၍ လှမ်းနုတ်ဆက်လိုက်သည်။

"Chompooဆိုင်ကပြန်လာတာစောသလိုပဲ မျက်နှာလဲမကောင်းပါလာ နေမကောင်းဘူးလား"

"Perth... ငါအခုထိအဆက်အသွယ်မရသေးဘူး"

Perthတချက်ကြောင်သွားပြီမှ ဘာကိုပြောမှန်းနောက်မှသဘောပေါက်တော့သည်။

"ဟင်... တကယ်ကြီးလား ငါးလလောက်တောင်ရှိတော့မယ် နင်သူ့သူငယ်ချင်းတွေဆီလိုက်မစုံစမ်းဘူးလား"

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now