ပိုင်ရှင်မှန်​ RO-15 Z&U

1.9K 129 13
                                    

"သူ့ဘေးနားရှိချိန်"

"လာပါ... ဘာကိုကြောက်နေတာလဲ"

"Maကအရမ်းဆူမှာ... Paလဲရှိနေတယ်​ ဟိုတခါလိုရိုက်ဖို့လုပ်ရင်​ ဘယ်လိုလုပ်မလဲ​ 🥺"

"ကျွန်တော်ရှိပါတယ်​ Bunnyကိုရိုက်ရင်​ ကျွန်တော်ရှေ့ကနေပြီ​ အရိုက်ခံပေးမယ်"

အောက်ထပ်ဆင်းဖို့​ လှေကားမှာ​ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော​ Saintကို​ Perthကချော့ခေါ်နေရသည်။

"ဟိုနှစ်ယောက်​ လှေကားမှာ​ ဘာတွေတွတ်ထိုးနေတာလဲ​ ထမင်းစားဖို့စောင့်နေကြတယ်​ မြန်မြန်ဆင်းလာကြ"

"ဟုတ်... လာပြီMa... Bunnyလာပါဆို​ Maခေါ်နေပြီ"

"​အင်း... 😔"

မလိုက်ချင်လိုက်ချင်နှင့်​ Perthနောက်မှလက်ကိုဆွဲကာ​ ပါလာလေသည်။

"Saint!!!..."

"Milo!!!😰😰😰"

ထမင်းစားခန်းထဲအရောက်​ Paမှလေသံမာနှင့်​ လှမ်းခေါ်သောကြောင့်​ ဆွဲထားသောလက်ကိုအတင်းညစ်ကာ​ ကျွန်တော့နောက်​ ၀င်ပုန်းလေသော​ယုန်ပေါက်ကြောင့်...

"Pa... နောက်မှဆူပါလား​ Bunnyညကတည်းက​ ဘာမှမစားရသေးဘူး​ မနက်စားလဲလွတ်ထားတော့​ ထမင်းအရင်စားပါစေနော်​ မဟုတ်ရင်ဆူခံထိလို့​ မစားပဲနေအုန်းမယ်"

"ဟင်းးးးး... သားငယ်ကြောင့်သည်းခံလိုက်တာ... မဟုတ်လို့ရှိရင်​ သူလဲမင်းနဲ့အတူဘာမှစားဖြစ်မှာ​ မဟုတ်လို့"

"ဟုတ်တယ်သားငယ်ရယ်​ သားလဲညကတည်းကဘာမှမစားရသေးဘူး​ မနေ့ကခရီးကလဲပန်းလာသေး​ ဒီအရှုပ်ထုတ်လဲရှင်းရသေး"

"​သားကရပါတယ်​Ma Bunnyကပိုစိတ်ပင်ပန်းနေတာပါ"

"​ဟုတ်တယ်ပြောလိုက်​ Maတို့ကSaintဆို​ အရှုပ်ထုတ်ပဲထင်နေတာ ဟွန့်... 😒"

"​စားသောက်ခါနီးမို့မပြောတော့ဘူး​ ပြီမှတွေ့မယ်Saint... "

"Miloတွေ့လား​ Bunnyကိုဆူကြတော့မှာ"

"မဟုတ်ပါဘူး​ ကျွန်တော်ရှိတယ်​ ဘာမှမဖြစ်ဘူး... ရော့... Bunnyအကြိုက်ပုဇွန်တွေ​ ကျွန်တော်အခွံခွာပြီပြီ..."

Perthထည့်ပေးသော​ အခွံချွတ်ပုဇွန်များကိုမြင်ပြီ​ Saint၀မ်းသာအားရ​ ထမင်းစားလေတော့သည်။ Paနှင့်Maကတော့​ ကိုယ်တိုင်မစား​ Saintကိုပဲကြည့်ပြီ​ လိုတာထည့်ပေးနေသောPerthနှင့်​ Perthထည့်ပေးသမျှ​ အားရပါးရစားနေသော​Saintတို့ကိုကြည့်ပြီ ခေါင်းသာခါနေတော့သည်။ စားသောက်ပြီဧည့်ခန်းထဲတွင်...

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now