ပိုင်ရှင်မှန် RO-47 Z&U

1.8K 131 18
                                    

"ကိုယ့်အချစ်ကမင်းအတွက်သာ"

At Dali home

"နင်တို့ငါပြောတဲ့အတိုင်း သေချာလုပ်ကြနော် ဒီတစ်ခါငါစိတ်ချမယ်"

"ဟုတ်ကဲ့ပါ မမလေး"

Daliဖုန်းကိုချလိုက်ပြီ ကျေနပ်စွာပြုံးကာ အိမ်ထဲဝင်လာခဲ့သည်။

"သမီး ဒီကိုခနလာအုန်း"

"ဘာပြောမလို့လဲDad"

Daliသူ့အဖေရှေ့ထိုင်ခုံတွင် ဝင်ထိုင်ရင်းမေးလိုက်သည်။

"သမီးဘာတွေလုပ်ဖို့ကြံနေတာလဲ"

"Daliကဘာတွေလုပ်နေလို့လဲ"

"Co.ကရှယ်ယာတွေကိုနာမည်အတင်းပြောင်းခိုင်းလို့ Dadပြောင်းပေးလိုက်ပြီးပြီ အလုပ်ကိုတိကျအောင်လုပ်တတ်တဲ့Saintကိုဘာလို့ စစ်ဆေးချင်တယ်ဆိုပြီ တစ်ဌာနတည်းအတူကိုင်ချင်ရတာလဲ Dadတောင်အုပ်ချုပ်ရေးပိုင်းဘာမှဝင်မပါဘူး Saintတို့သားအဖလုပ်တာအရမ်းတိကျပြီ စိတ်ချရလို့ အလုပ်လုပ်ချင်တယ်ဆိုရင်လဲ နောက်ဌာနတစ်ခုကိုကိုင်လို့ရနေတာကို Saintနားဘာလို့အတင်းကပ်ချင်နေတာလဲ သူမှလက်မခံနိုင်တာကို လက်လွှတ်လိုက်တော့ပေါ့ ခုဘာတွေထပ်လုပ်ဖို့ကြံနေတာလဲ"

"Daliလုပ်တာကိုဘာမှဝင်မပြောပါနဲ့Dad... Dadတို့မယူပေးနိုင်တာကိုDaliကိုယ်တိုင်ကြိုးစားပြီယူနေတာ Dadကိုယ်ဘာသာအိမ်မှာအေးဆေးနေနေပါ"

"Dali... ကိုယ့်အဖေကိုအဲလိုမပြောရဘူးလေး"

"Momလဲတူတူပဲ ဘာမှအဖြစ်ရှိအောင်မလုပ်ပေးကြပဲ ဆူဖို့ပဲသိတယ်"

Daliပြောပြီ အိမ်ပေါ်သို့ခြေဆောင့်တက်သွားသည်။

"ကျွန်မတို့သမီးကို အလိုလိုက်တာများသွားပြီလားမသိဘူး အမှားတွေလုပ်ပြီသမီးလေးတခုခုဖြစ်မှာ စိုးရိမ်တယ်"

"အင်း ကိုယ်လဲစိုးရိမ်မိတယ် တက်နိုင်သလောက်နားလည်လာအောင်ပြောကြည့်ပြီ စောင့်ကြည့်ရမှာပဲပေါ့ သမီးလေးလဲမထိခိုက်အောင် တပါးသူလဲမထိခိုက်ရအောင်လို့"

ငယ်ငယ်လေးကတည်းက တစ်ဦးတည်သောသမီး... သူလေးမွေးမှလုပ်ငန်းတွေအဆင်ပြေလာတော့ အချစ်ပိုပြီ ဘာမဆိုလိုတာရအောင် အလိုလိုက်ခဲ့မိ​တော့ ခုချိန်မှာဘယ်လိုမှထိန်းကွပ်မရတော့လို့ Daliမိဘများသက်ပြင်းမောချယုံမှတပါး ဘာမှမတက်နိုင်ခဲ့ပါ။

Real Owner (ပိုင်ရှင်မှန်) Z&UWhere stories live. Discover now