ဟု သူ့ကိုမေးလိုက်တော့
ခေါင်းလေးညိတ်ပြသည်...

ကျွန်တော်ပြောတာကို မျက်လုံးလေးကို
ပြူးနေအောင် နားထောင်နေသည့်
ပုံလေးကိုကြည့်ပြီး အသည်းယား
လာသည်ကြောင့် သူ့ရဲ့နီနေသည့်
နှာခေါင်းလေးကို ညှစ်လိုက်ကာ.....

“ ဆိုဖာပေါ်ကိုတက်ထိုင်
ဒီအောက်မှာအေးတယ်....”

ဟုပြောလိုက်တော့
ခေါင်းလေးကို ဇတ်ခနဲညိတ်ပြပြီး
ဆိုဖာပေါ်ကို ခုန်တက်သွားသည်....

ကျွန်တော်လည်း ဆိုဖာပေါ်မှာ
ထိုင်ပြီးပြီးချင်း....

“ အဲ့တော့ ဘာဆက်ဖြစ်လဲ ကိုကို….”

သူပုံပြင်ကို ဆက်ပြီး
နားထောင်ချင်နေပုံရသည်....
အတင်းကို ပြောပြခိုင်းနေသည်...
သူ့ဘေးနားလေးက စောင်ကိုယူလိုက်ကာ
သူ့ကို ပတ်ပေးနေရင်းဖြင့်...

“ ဘုရင်ကြီးက ပြောတယ်တဲ့...
မင်း အကျဉ်းချတယ်ဆိုတာ
ဘာလဲသိအောင်မှတ်ထားဆိုပြီး
ဒေါသတကြီးနဲ့ ပြောပေမယ့်လည်း
သမားတော်ကြီးက အကျဉ်းချခံရတာက
Good ? Bad ? Who khows ? ဆိုပြီး
ထပ်ပြောပြန်တယ်တဲ့...

ဘုရင်ကြီးက ဒီတစ်ခါတော့
အရမ်းဒေါသထွက်ပြီး သမားတော်ကြီးကို
မင်းက အရှက်မရှိတဲ့လူပဲ....
မင်းက သမားတော်ဖြစ်ပြီး
ဆေးမကုနိုင်တာကို ရှက်ရမယ့်အပြင်
အကျဉ်းကျတာကိုတောင်
အေးဆေးပဲနေနေတယ်...
အေးးးးးမင်း အကျဉ်းထောင်ထဲမှာပဲ
နေတော့ ဆိုပြီး ပြောခဲ့ပြီးတော့
နောက်တစ်ခါ တောကစား
ထွက်သွားပြန်တယ်တဲ့.....

ဒီတစ်ခါတော့ သူ့ကို လူရိုင်းမျိုးနွယ်စု
တစ်စုက ဖမ်းသွားရော....
အဲ့လူရိုင်းတွေက ဘုရင်ကြီးကိုဖမ်းပြီး
ယဇ်ပူဇော်ပသ မလို့တဲ့.....
ယဇ်ပူဇော်တာကိုရောသိလား....”

ဟု သူ့ကိုမေးလိုက်တော့လည်း
ခေါင်းလေး ညိတ်ပြပြန်သည်....

“ ဘုရင်ကြီးက ဒီတစ်ခါမှာတော့
သူအရမ်းကြောက်သွားတယ်တဲ့....
အဲ့ဒါနဲ့ သူ့ကို သစ်ပင်တစ်ခုမှာ
ချည်လိုက်တယ်....

ခြေထောက်တွေရောပူးချည်လိုက်ပြီး
လက်ကို ခေါင်းပေါ်ကို မြှောက်ပြီး
ပူးချည်လိုက်တဲ့အချိန်မှာ
လူရိုင်းခေါင်းဆောင်က ဘုရင်ကြီးရဲ့ လက်ချောင်းတစ်ချောင်းက
ပြတ်နေတာကို တွေ့သွားတယ်တဲ့....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now