ဟု မေမေ့ကို မေးကြည့်တော့...

" အယ်...သားကလည်း
ပေါက်ပေါက်ရှာရှာကွယ် ဖြစ်နိုင်လို့လား...
သားညီလေးက ကလေးအပေါ်မှာ
တစ်ချိန်လုံး အနိုင်ကျင့်ပြီးဆိုးနေတာ...
ဘယ်သူ အကြီးလဲ
ဘယ်သူ အငယ်မှန်းတောင်
မသိတော့အောင်ဆိုးနေတာကို...
ဖြစ်နိုင်ပါ့မလား..."

ဟု မေမေက သူထင်တာကို
ပြောလာသည်...ထို့ကြောင့်

" ဖြစ်နိုင်တာပေါ့ မေမေရဲ့...
ပိုပြီးတော့တောင် ဖြစ်နိုင်သေးတယ်...
ယောကျာ်းလေးတစ်ယောက်က
သူသဘောကျတဲ့လူရှိရင်
အဲ့လူကို အနိုင်ကျင့်တာနဲ့
စတင်တယ်တဲ့..."

ဟု ကျွန်တော်က ထပ်ပြောပြတော့
ကိုကြီးက

" attention ယူသလိုမျိုးလား..."

ဟု ပြန်မေးတာကြောင့် ခေါင်းညိတ်ပြလိုက်ရင်း

" ငယ်လေးက အရင်ကထက်
စိတ်တွေ ကြီးလာတာကို
သတိထားမိလား...နောက်ပြီးတော့
အဲ့ကလေးနဲ့ပတ်သတ်ပြီး
တအား ခံစားလွယ်လာတယ်...
စိတ်လည်း ပူတတ်လာတယ်..."

ဟု ကျွန်တော်မြင်တာကို
ပြောပြတော့ မေမေက

" ကိုလတ်ပြောမှပဲ ဟုတ်တယ်နော်...
ငယ်လေးက အရင်နဲ့မတူတော့ဘူး..."

ဟု သူလည်း သတိထားမိကြောင်း
ပြောပြလာသည်...

" ဟုတ်တယ်...နောက်ပြီးတော့
Baek လေးနဲ့ပတ်သတ်ပြီး
သူစိတ်တိုတယ် ဒေါသထွက်တယ်...
ကလေးအပေါ်ကိုအနိုင်ယူတယ်...
နှိပ်စက်တယ်...အဲ့ဒါတွေက
သူအဲ့ကလေးအပေါ်မှာ
စိတ်ရှိနေလို့ပေါ့ မေမေရဲ့...
မဟုတ်ဘူးလား..."

" မသိတော့ပါဘူး သားရယ်...
ဘာပဲဖြစ်ဖြစ် သေချာရင်တော့
မေမေကသူတို့ကို ပေးစားပစ်မှာ...
ယူတာမယူတာ သူတို့ကဏ္ဍ...
ပေးစားရမှာက မေမေ့တာဝန်ပဲ..."

ဟု ဇွတ်ပေးစားဖို့ကို လုပ်နေသည့်
မေမေ့အား မနိုင်တော့ဘူးဆိုသည့်
အကြည့်နှင့် ညီကို နှစ်ယောက်
ကြည့်လိုက်မိသည်...

" အခုလည်း ဆေးထည့်ပေးပြီးတော့
ထမင်းစားဖို့ခေါ်ခဲ့တာကို
စကားတစ်ခွန်းမှပြန်မပြောဘူး...
အဲ့ဒါနဲ့ Baek လေးကို
ခေါ်လာခဲ့ဖို့ ပြောထားခဲ့တယ်...
ပြောရမရတော့ မသိပါဘူး..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now