ဟု ငဆယ်က ထပ်မေးလာတော့
" ကြောက်စေချင်တယ်လို့တော့
မဟုတ်ပေမယ့် အခုဟာက
ငါ့ကို တစ်ခွန်းမကျန်ပြန်ပြောနေတာကွ...
ဟိုအိမ်မှာခံရကတည်းက
သူတို့ နှစ်ယောက်က သားကို
ခြေထိုးခံလိုက်ပါတယ်လို့
ငါ့ကိုပြောကြည့်ပါလား ...
ဟိုနှစ်ယောက် အဲ့နေရာမှာတင်
သေနေလောက်ပြီ....အဲ့ဒါကို အဲ့တုန်းကတော့ဘာမှမပြောဘဲနဲ့
အိမ်ရောက်တော့မှ ပြောတယ်....
ငါက ဆူတော့ ငါ့ကိုပြန်ပြောတယ်....
တကယ် ရိုက်ပစ်ချင်စရာလေး...."ဟုပြောလိုက်တော့
" အဲ့ဒါများလွယ်လွယ်လေး...
နားရင်းတစ်ချက်လောက်
ကောက်အုပ်ပစ်လိုက် ဒါမှမဟုတ်လည်း
နားဘန်တစ်ချက်လောက်
ပိတ်ကျင်းပစ်လိုက်..."ဟု တစ်လုံးတစ်ခဲ အကြံကြီးကို
ပြန်ပေးသည်... အားရချက်ပဲ...
သူပြောသလိုသာ လုပ်လိုက်လို့ကတော့
အသက်တောင် ချက်ချင်းထွက်သွားဦးမယ်" မင်းကလည်းကွာ..."
" မရိုက်ရဲဘူးမလား...."
"ရိုက်တာက ရိုက်ရဲတယ်
မရိုက်ရဲတာ မဟုတ်ဘူး...
မရိုက်ရက်တာ သနားလို့...
ဟိုမှာ အနိုင်ကျင့်ခံရလို့မှ
ဒီအိမ်ကို လာနေတာကို
ငါက ရိုက်လို့ ဆိုပြီး ဂိသွားမှ...
အမှုပတ်နေဦးမယ်..."" စတီးလက်ကောက်ကလေးနဲ့
မြင်ချင်ပါတယ်နော်...
ဖန်တီးပေးပါဦး...""ဖတ်...ဖတ်....
ဒေါင်းစား ကြက်ကြော်သာစား ...
ပါးစပ်ပုတ်နဲ့ လျှောက်ပြောမနေနဲ့...."ဆိုကာ ငဆယ့် ပါးစပ်ထဲသို့
ကြက်ကြော် တစ်တုံးကို
ထိုးထည့်ပေးလိုက်တော့ ငဆယ်က
ကြက်ကြော်တစ်တုံးကို ကိုက်လိုက်ရင်း" Eunna ကရော ဘာပြောလိုက်သေးလဲ..."
ဟု Eunna ဘက်သို့ လှည့်သွားသည်...
" ငါနဲ့ ပြန်တွဲချင်လို့တဲ့...."
ဟု ကျွန်တော်က ပြန်ဖြေလိုက်တော့
" လဒ မင်းကိုကအလုပ်မဟုတ်တာ...
ငါတို့ ဘာပြောခဲ့လဲ...
တကယ် မကြွေဘဲနဲ့
ဇယားသွားမရှုပ်နဲ့လို့....
အဲ့တစ်ယောက် အငြှိုးအတေး
ကြီးတယ်လို့ ငါတို့မပြောခဲ့ဘူးလား...
မင်းကိုက ဖင်ယားတာ..."
![](https://img.wattpad.com/cover/159729699-288-k176554.jpg)
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...