1 "Saving the innocent detective "

14.9K 962 19
                                    

Li Min

ရေလှိုင်း​တွေက သူ့ခန္ဓာကိုယ်​ကို နှစ်​သလို ခံစားရပြီး ရုတ်​တရက်​ ​မျောလွင့်​​နေတယ်​။ အ​မှောင်​ထုကြီးမား​လာ​လေ ​ကြောက်​စိတ်​ဝင်​လာ​လေပဲ။ သူ အမှန်​တကယ်​​ကြောက်​တာက​တော့ သူ့ဘဝအသစ်​ဟာ ဘယ်​လိုဖြစ်​မလဲဆိုတာကိုပဲ။ စဉ်းစား​နေရင်း ရုတ်​တရက်​ မျက်​လုံးကို ဖြတ်​ခနဲ ဖွင့်​လိုက်​တယ်​။ သူ့အ​ရှေ့တည့်​တည့်​မှာ ရုံးခန်း။ အတိအကျ​ပြောရရင်​ ရဲစခန်း? စားပွဲ​ပေါ်မှာ.စိတ်​ပျက်​စရာ ဖိုင်​အထပ်​လိုက်​ကြီးနဲ့.....

(RenShuအဆင်​​ပြေလား? အသက်​ရှူကျပ်​​နေရင်​ ​နောက်​မှ ပြန်​​ခေါ်လိုက်​မယ်​)
Chenရဲ့ ပျင်းစရာအသံကြီးပဲ။

မေးခွန်းကို ပြန်​မ​ဖြေခင်​မှာပဲ အဲဒီစိတ်​ရှူပ်​စရာ အသံကြီးနဲ့ ထပ်​​ပြောပြန်​ပီ။

(လူချင်း​ပြောသလို အသံထွက်​မ​ပြောနဲ့။ စိတ်​ထဲက​နေပဲ ပြန်​​ဖြေ။ ​ခေါင်းကိုငြုံ့ပီး စားပွဲ​ပေါ် ခဏတင်​ထားလိုက်​၊ ကိုယ်​ ဒီ​နေရာရဲ့အ​ကြောင်း ပို့​ပေးမယ်​။ နည်းနည်း​တော့ နာလိမ့်​မယ်​)

Chenက သတိ​ပေးတယ်​။ သူ့စိတ်​ကို ဒီsystemဖတ်​နိုင်​တဲ့အတွက်​ စိုးရိမ်​​နေပီ။ ငါ့ရဲ့ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​က ဘယ်​နားမှာလဲ?!!

(မရှိဘူး)

(မြန်​မြန်​ ​ခေါင်းငုံ့​တော့)

စကားပြန်​တာ​တောင်​မ​စောင့်​ဘဲ ဆက်​​ပြော​နေတယ်​။

ရုတ်​တရက်​ သူ​ခေါင်းထဲ ထိုးကိုက်​လာတယ်​။ သူဘာသံမှ မထွက်​သွား​အောင်​ လုပ်​တာ​တောင်​မှ ​အော်​ညည်းမိလိုက်​တယ်​။ ခင်​ဗျား​ပြော​တော့ သိပ်​မနာပါဘူးဆို! သူရဲ့ကိုယ်​ပိုင်​အချက်​​တွေ ဖတ်​ရင်း​ပြောလိုက်​တယ်​။

(အထက်​က​ပြောတာ​တော့ သိပ်​မနာဘူးတဲ့! မင်းက အရမ်းအားနည်း​နေလို့ ဖြစ်​နိုင်​တယ်​။)

ဒါ....ဒါ...ခင်​ဗျားဘာသာ အားနည်း! ခံစားချက်​​တောင်​ မရှိတဲ့ဟာကြီး! စကား​ပြောတဲ့အသံကိုက ဘာသံမှန်းမသိတဲ့လူကြီး! ဟုတ်​တယ်​။ သူအရမ်း​ဒေါသထွက်​သွားပြီး စိတ်ထဲ ​ဝုန်းဒိုင်းကြဲ​နေမိ​တော့တယ်​။

Elite System MM Translation Where stories live. Discover now