အပိုင်း-၅၆

1.9K 168 7
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၆)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆစ်ကျီ နတ်မင်းက ထိုင်နေရာမှ ထရပ်လိုက်တော့.. သူပါလိုက်ပြီး ထရပ်လိုက်ရကာ..

'ဆရာတူအစ်ကို..'

ဆစ်ကျီ နတ်မင်းက လေးနက်သော မျက်ဝန်းတို့ဖြင့် သူ့အား တည်ငြိမ်စွာ ကြည့်လာပြီးလျှင်..

'တကယ်လို့ ရှင်းယဲ့သာ.. အဲ့ဒီကန့်သတ် နေရာက စွမ်းအားကို စုတ်ယူပြီး အသုံးပြုလိုက်တယ် ဆိုရင် မြေပြင်ဒေသ ပျက်စီးဖို့ ပိုပြီး စောသွားလိမ့်မယ်.. ရှင်းယဲ့ အသုံးပြုထားတဲ့ စွမ်းအားက အသက်ဓာတ် ထုတ်လွှင့်မှု စုတ်ယူမှုကို ကာဆီးထားတဲ့ စွမ်းအားတွေပဲ.. အဲ့ဒီ ထိန်းညှိစွမ်းအား တွေသာ မရှိတော့ဘူး ဆိုရင်.. မြေပြင်ဒေသက နတ်တွေ အကုန်သေဆုံး သွားလိမ့်မယ်.. ပြီးတော့.. ရင်းအော်.. နတ်အစွမ်းတွေ ပိတ်ပင်ထားတဲ့ အရှေ့မီးပင်လယ်က နတ်တွေ အကုန် သေကုန်လိမ့်မယ်..'

'ဘာ!..'

ဘာဆိုသော ခပ်ဆတ်ဆတ် လေသံက သူ့နှုတ်ဖျားကနေ ထွက်သွားမိသည်။ စိတ်လှုပ်ရှားမှုကြောင့်.. မျက်ဝန်းတွေကို စုံမှိတ်လိုက်ရ၏။

~ဆစ်ကျီ နတ်မင်း ပြောနေတာက သိပ်မကြာခင်မှာ ရင်းအော်ကို သူ ဆုံးရှုံးလိုက်ရဖို့ တွေလား..~

'ငါတို့ သွားကြည့်မယ်.. အချိန် ဘယ်လောက် ကျန်သေးတယ် ဆိုတာကို အရင်သိဖို့ လိုတယ်.. မြေပြင်ဒေသကို.. ထိန်းချုပ်ထားဖို့ နည်းလမ်း ရှာရမယ်..'

ဆစ်ကျီ နတ်မင်းနှင့် ယီမင် ကောင်းကင်နန်းတော်မှ ထွက်ခွာလာကာ.. ကြယ်တာရာ ဒေသလို့ ရောက်တော့.. ထိုဒေသတွင် ထူးခြားသော ပြောင်းလဲမှုတွေကို တွေ့မြင်ရလေ၏။ တချို့သော နတ်တို့က စွမ်းအားတွေ လျော့နည်းနေကြပြီး တချို့သော နတ်တို့ ကတော့ စွမ်းအားတွေ များပြားနေသည်။ အသက်ဓာတ် ထိန်းညှိမှု ဖောက်ပြားနေခြင်းက အနီးတွင် ရှိသော ကြယ်တာရာ ဒေသကို ဦးဆုံး ထိခိုက်နေပြီ။ တချို့နတ်တွေသည် တိုးဝင်လာသော အသက်ဓာတ်နှင့်.. လက်ခံနိုင်သော အသက်ဓာတ်တို့က မတူညီသောကြောင့်.. အရွယ်အိုမင်းခြင်းတွေ ဖြစ်ပေါ်နေသည်။

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Onde as histórias ganham vida. Descobre agora