အပိုင်း-၁၅

2.2K 257 9
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၅)

@@@@@@@@@@@@@@@@@@@@

ကောင်းကင် အကာကွယ် နန်းဆောင်၊

ကုတင်ပေါ်တွင် အိပ်ပျော်နေသော ရင်းအော်ကို ကြည့်နေမိရာမှ သူထရပ်လိုက်ပြီး စာကြည့်ဆောင်သို့ ထွက်လာခဲ့လိုက်သည်။ နတ်ပြည်က စည်းမျဉ်းတွေကို သူ နားလည်ဖို့လိုပြီ။ စာကြည့်ဆောင်မှာ ဝင်ထိုင်လိုက်ပြီးမှ နတ်ပြည်က စည်းမျဉ်းစာအုပ်တွေကို ရွေးထုတ်လိုက်ပြီး ဖတ်နေလိုက်မိသည်။ အချိန်ပြောင်းဖို့ လိုသေးတယ်၊ သူ့ရဲ့ နားချိန် အားချိန်က ရင်းအော် နိုးလာတဲ့ အချိန် ဖြစ်နေဖို့ လိုသေးတယ်၊

'ယီမင် မင်းအခုမှ အသက်ငယ်ငယ်လေး ရှိသေးတာ ပြေးပြီး ဆော့တဲ့ အရွယ်လေးပဲ ရှိနေသေးတာကို မင်းက ဒီမှာ လာလေ့လာနေပြီလား ပြီးတော့'

ဘကြီးတော်နှစ်၊ အနားသို့ တိုးလာပြီးမှ သူ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက်တွင်

'မင်းအတွက် ဆရာ ရှာပေးဖို့ မင်းရဲ့အဘိုးတော်က ကြိုးစားနေတယ် အရင်က မင်းအစ်မတော်ကိုလည်း ဆရာတွေ ခေါ်ပြီး အပ်ဖူးတယ်၊ ဒါပေမယ့် မင်းအစ်မတော်ကို သင်ကြားပေးတဲ့ ဆရာတွေကို ပြန်မသုံးချင်ဘူးလို့ ခမည်းတော်က ထင်မြင်နေတယ် ဘာလို့ဆို မင်းအစ်မတော်က ဘာမှမတတ်လာတဲ့အပြင် အမူအကျင့်တွေက ဆိုးဝါးလာလို့လေ'

'အဘိုးတော်ရဲ့ ဆန္ဒအတိုင်းပါ ကျွန်တော် ဘာမှပြောဖို့ မရှိပါဘူး'

ဘကြီးတော်နှစ်က သူရွေးချယ်ထားသော စာအုပ်တွေကို ငုံ့ကြည့်လိုက်ပြီးလျှင်

'နတ်ပြည်က စည်းမျဉ်း စာအုပ်တွေပဲ မင်းက နတ်အကြောင်းတွေ လေ့လာနေပြီလား မင်းကို ဒီလောက် မြန်မြန်ကြီး သင်ယူချင်လိမ့်မယ်လို့ မထင်မိဘူး မင်းအမေဆိုရင် ဒီလိုလေ့လာရတာ မကြိုက်ဘူး'

ယီမင်က ချင်းရန်အား တစ်ချက်မျှ မော့ကြည့်လိုက်ပြီးလျှင် တည်ကြည်ပြီး အေးဆေးသော လေသံဖြင့် ဆိုလိုက်သည်။

'ကျွန်တော်က အိမ်ရှေ့မင်းသား အဖြစ် မွေးလာတာ ဆိုတော့ သူများတွေလို နေလို့မရဘူးလို့ သတ်မှတ်မိပါတယ်'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now