အပိုင်း-၃၁

2.4K 245 0
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၁)

@@@@@@@@@@@@@@@@@@@@@

ကောင်းကင်နန်းတော်သို့ ရောက်လာပြီးတော့ တံခါးစောင့်တွေ အသစ် ဖြစ်သွားတာကို သတိပြုမိသည်။ သို့သော် ထိုနေရာတွင် ခဏ ရပ်တန့်လိုက်ပြီး

'စိမ့်စမ်းရေပြာအိုင်က ကျိုးရင်း နတ်ဘုရားဆစ်ကျီကို ဂါရဝပြုဖို့ ရောက်လာပါတယ်လို့ သွားပြောပေးပါ'

ထိုအခါမှ နန်းတော်တံခါးစောင့်တွေက သူမအားပျာပျာသလဲ အရိုသေပေးပြီး

'နတ်ဘုရားမကို သိမ်ငယ်စေမိပါပြီ ဒီမှာ ခဏစောင့်ပေးပါအုံး'

'မလိုဘူး သွားပါ'

လက်ထဲမှာ ကိုင်ထားတဲ့ ကောင်းကင်နဂါးပန်းကို လက်ထဲမှာပဲ တစ်ချက် လှည့်လိုက်ကာ ကြာပွတ်အသွင်သို့ ပြောင်းလိုက်ပြီး တိမ်ဆိုင်တစ်ခုကို တစ်ချက် ရိုက်လိုက်သည်တွင် လျှပ်ပစ်သံတွေ ထွက်လာ၏။ ဒီလက်နက်ကို တစ်နေရာမှာမှ မသုံးရသေးတာကို သတိရသွားပြီး လက်ထဲမှာ ဆလိုက်ပြီး တိမ်တွေပေါ်သို့ ခပ်ကြမ်းကြမ်း တစ်ချက် ရိုက်ပစ်လိုက်သည်။ မိုးကြိုးလျှပ်စီးတွေ ပိုပြီး လင်းလက်သွားကာ တိမ်လိပ်တချို့က အညိုရောင်သို့ ပြောင်းလဲသွား၏။

'ရင်းအော် မင်းနိုးလာပြီလား မင်းလာတာနဲ့ ထူးခြားတဲ့ ပြသနာတွေကို ယူမလာလို့ မရဘူးလား'

ဆရာက ရောက်လာတာနဲ့ ရင်းအော်ကို သန့်စင်တိမ်အား အရောင်ပြောင်းပစ်ခြင်းကို မလိုလားဟန်ဖြင့် ဆီးပြီး အပြစ်တင်သော်လည်း ဒီအပြစ်တင်သံ ဆိုတာက ရင်းအော်အတွက် ရိုးအီနေပြီ ဖြစ်ရာ ပြုံးရွှင်စွာဖြင့် ဆရာ့ကို ဒူးထောက် ဂါရဝပြုလိုက်ပြီး

'ရင်းအော် ဆရာ့ကို ဂါရဝပြုပါတယ်'

ဆစ်ကျီ တပည့်မအနားသို့ တိုးမသွားတော့ပဲ နောက်ပြန်လှည့်လာကာ

'ထလာ မင်းလုပ်ဖို့ ရှိတာကို လုပ်ဖို့ပဲ ပြင်လိုက်ပါ'

ထလာ ဆိုမှ ဆရာအနားသို့ ပြေးလိုက်လာပြီး

'ဆရာ ဖူချန့်က ဘယ်လိုဖြစ်ပြီးတော့ အခုလို ဝိဉာဉ်မဲ့သွားတာလဲ သူ့ကို ကောင်းကင်မင်းကြီးက သေချာ မစောင့်ရှောက်ဖူးလား'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now