အပိုင်း-၄၄

2K 172 3
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၄)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကောင်းကင် နန်းတော် ညီလာခံ..၊

အိမ်ရှေ့မင်းသားက ညီလာခံကို ကိုယ်စားအနေနှင့် ကောင်းကင်နဂါး လုံစမ်းအား တက်ရောက်ခိုင်းထားပြီး မတက်ရောက်ပေ။ ထို့ကြောင့် လုံစမ်းက ပြောဆိုသမျှ အကြောင်းအရာတိုင်းကို မှတ်သားရ၏။ မင်းသားကိုးပါးလုံး စုစည်းနေတာကို ကောင်းကင်မင်းကြီးက တစ်ချက် ကြည့်လိုက်ပြီးမှ..

'လွန်ခဲ့တဲ့ နှစ်ရှစ်သောင်း မတိုင်ခင်က ဆစ်ကျီ နတ်မင်းက သတိပေးတယ်.. လောကကြီးရဲ့ အသက်ဓာတ် ထုတ်လွှတ်တဲ့ နေရာကို ရှာဖို့.. ဒါပေမယ့် အဲ့ဒီနေရာကို အခုထိ ဘယ်သူမှ မတွေ့သေးဘူး.. ပြီးတော့ လွန်ခဲ့တဲ့ သုံးရက်တုန်းက ကောင်းကင်မှာ မိုးက ရုတ်တရက် ရွာလာတယ်.. မိုးနတ်သမီးတွေ မိုးနတ်သားတွေက ရွာစေတယ မဟုတ်ပဲနဲ့ ရွာနိုင်တဲ့ မိုးက အန္တာရယ်ကင်း မိုးပဲ ရှိတယ် ဒါပေမယ့် အခု ရွာတဲ့ မိုးက နတ်တွေ အားလုံးကို စိုရွဲစေပြီး.. သရုပ်ပျက်စေတယ်.. ကောင်းကင်မှာ ရာသီဥတု ပြောင်းလဲမှု တစ်ခု ဖြစ်သွားတယ်..'

'လောကရဲ့ အသက်ဓာတ်က စတင် လျှော့နည်း နေပြီလို့.. သတိပေးတာ ဖြစ်နိုင်ပါတယ် မင်းကြီး..'

ဆစ်ကျီ နတ်မင်းက ဝင်ပြီး ထောက်ပြတော့ တခြားသော နတ်တွေ အားလုံးက ခေါင်းညိတ် ထောက်ခံသည်။

'လောကရဲ့ အသက်ဓာတ် ထုတ်လွှတ်တဲ့ နေရာကို ရှာဖွေဖို့ကို မင်းကပဲ တာဝန် ယူလိုက်ပါ ဆစ်ကျီ..'

'ကောင်းပါပြီ.. ကောင်းကင်မင်းကြီး.. တကယ်လို့ ရှာတွေ့ခဲ့မယ် ဆိုရင် ကျိုးနတ်မျိုးနွယ်ရဲ့ အသက်ဓာတ်သာလျှင် ထိန်းညှိဖို့ တတ်နိုင်မှာပါ.. ဒါပေမယ့်..'

ဆစ်ကျီ နတ်မင်း ပြောလို့ မဆုံးသေးခင်မှာပဲ ဖုန်းယွဲ့က ညီလာခံ အတွင်းသို့ ပြေးဝင်လာပြီး.. ဒူးထောက်လိုက်ကာ..

'အဘိုးတော်.. မြေးတော်ကို လက်ဆက်ဖို့ အမိန့်ချပေးပါ..'

ကောင်းကင်မင်းကြီး၏ မျက်နှာတော်က ရုတ်တရက် မည်းမှောင်သွား၏။ ထို့ကြောင့် အနားမှ မိဖုရား ဖူချန့်က ကောင်းကင်မင်းကြီးကိုယ်စား.. ဖုန်းယွဲ့အား..

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now