အပိုင်း-၂၀

2.2K 250 0
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၀)

@@@@@@@@@@@@@@@@@@@@@

သားတော်က ချင်းလီရှေ့မှာ သူ၏ ရွှေနားကွပ် ဝတ်ရုံကို ဖြန့််လျက် တည်ငြိမ်စွာ ထိုင်နေသော်လည်း ချင်းလီ စကားစပြောဖို့ ခက်နေ၏။ အမေဆိုပြီး ပိုင်ပိုင် နိုင်နိုင်ပြောဆိုဖို့ ခက်ခဲနေတာကလည်း သားတော်၏ တည်ငြိမ်လွန်းသော အကဲခတ်ရခက်ခဲသော အပြုမူတွေ ကြောင့်လေလား၊ ဒါမှမဟုတ် အိမ်ရှေ့မင်းသား ဆိုသော သတ်မှတ်ချက် ကြောင့်လေလား၊

'သားတော်'

မယ်တော်က သူ့ကို ဆင့်ခေါ်ပြီး သူ့ကို ခေါ်လိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုသေးပဲ ရေနွေးကို ခွက်အတွင်းသို့ ငှဲ့ထည့်လိုက်ပြီးမှ

'သားတော်ရဲ့ ညီမလေး ဆိုတာကလည်း မယ်တော်အတွက် သားသမီးတစ်ယောက်လို ခံစားရပါတယ်'

'မယ်တော် စိတ်အပူလွန်နေပါပြီ ရင်းအော်အတွက် မယ်တော် စိတ်ပူဖို့ မလိုပါဘူး သားတော်ရယ် အစ်မတော်ရယ် နှစ်ဦးနဲ့တောင် မယ်တော် စိတ်တွေ မချမ်းမြေ့တာ သားတော်က ရင်းအော်ကို သမီးလို သတ်မှတ်ဖို့ မယ်တော်ကို မတောင်းဆိုဝံ့ပါဘူး'

အိမ်ရှေ့မင်းသားနှင့် ညီမျှစွာ စကားအရာမှာ လိမ္မာသည်။ ပါးနပ်သည်။

'သူ့ကို သားတော်က ညီမလေးလို ကလေးငယ်လေးလို သတ်မှတ်ပေမယ့် နတ်သမီးတွေ နတ်သားတွေ အတွက် သူက မငယ်တော့ဘူး သားတော် သူ့ကို တစ်သက်လုံး ကောင်းကင် အကာကွယ် နန်းတော် ထဲမှာပဲ ထည့်ထားမလို့လား အဲ့တာက ဘယ်လို သင့်တော်မလဲ သူက အသက်ကြီးလားအုံးမယ် ပြီးတော့ မိသားစု တစ်ခုကို တည်ဆောက်အုံးမယ် မဟုတ်လား'

'သူက ဘယ်လိုလုပ်ပြီးတော့ မိသားစု တာဝန်တွေကို ထမ်းဆောင် နိုင်မှာလဲ သူက မကျန်းမာတဲ့ မိန်းမငယ်လေးပါ'

'အဲ့တာကတော့ သူနဲ့တွေ့ပြီးတော့ သူ့ကို နှစ်သက်တဲ့သူတွေ ရှိမယ် ဆိုရင်'

'သူက ငယ်သေးပါတယ် သားတော် အဲ့ကိစ္စကို သေချာ စဉ်းစား လိုက်ပါ့မယ် မယ်တော် သားတော်ကို ခွင့်ပြုပါအုံး'

သားတော်က ရိုကျိုးစွာ လှည့်ထွက်သွားပေမယ့် သူမ ပြောစကားကို နားလည် လက်ခံလိုက်တာ မဟုတ်မှန်း သိသည်။ အစကတည်းက ဒါဟာ မလွယ်ကူမှန်း သိပြီးသားမို့ ချင်းလီ သက်ပြင်းသာ ချလိုက်မိသည်။

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now