အပိုင်း-၂၈

2.2K 226 4
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၈)

@@@@@@@@@@@@@@@@@@@@@

'ဆစ်ကျီ ငါ အိမ်ရှေ့မင်းသားကို ကြည့်ပြီး အပြစ်မကင်းသလို ခံစားရတယ်'

'မလိုဘူး နောက်နှစ်ခုနှစ်ရာ ကျော်ပြီးသွားရင်သာ ကျိုးရင်းရဲ့ ဝိဉာဉ်ကို ငါပြန်စစ်ဆေးရအုံးမယ်'

'တကယ်လို့ ရင်းရင်း နိုးလာရင် သူ အဲ့အကြောင်းရင်းတွေကို မှတ်မိနေမှာလား ဆစ်ကျီ'

ဆစ်ကျီက သူ့ထုံးစံအတိုင်း သူ့ဆံပင်တွေကို ကိုင်ပြီး အတန်ကြာ တွေဝေသွားပြီးမှ

'မှတ်မိတယ် ဒါပေမယ့် အိပ်မက်လိုမျိုးပဲ ဝေဝေဝါးဝါး ဖြစ်နေမှာ တကယ်လို့သာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အဲ့ဒီ ဝိဉာဉ်ငယ်က သီးသန့်ခွဲထွက် နေတုန်း ဆိုရင်တော့ တစ်ခါတစ်လေမှာ အိမ်ရှေ့မင်းသားကို ကောင်းကောင်း သိနေလိမ့်မယ် အထူးသဖြင့် သူ့ရဲ့ ပင်မအသိစိတ်နဲ့ ကင်းကွာတဲ့ အချိန်မျိုးမှာ သိနိုင်တာပါ'

'အဲ့တာ ဆိုရင်တော့ စိတ်ပူဖို့ မရှိပါဘူး'

'သူနိုးလာရင် ငါ သူ့ကို တစ်ခု လုပ်ခိုင်းဖို့ ရှိတယ်'

ဆစ်ကျီက အရမ်းကို တည်ငြိမ်နေတာမို့ ကျိုးလျန် ယပ်တောင်ကို တစ်ချက် ခပ်လိုက်ပြီး

'ဘာလဲ သူ့ကို အိမ်ထောင်ချပေးမလို့လား ဆစ်ကျီ'

'ကျိုးလျန် မင်းရဲ့ အသိအာရုံတွေက တိုးတက်လာပြီပဲ'

ဆစ်ကျီက သူ့ကို ချီးကျူးစကား ဆိုတော့ ကျိုးလျန် မျက်လုံးတွေပါ ပြူးကျယ်လာပြီး

'ဆစ်ကျီ တကယ်ကြီးလား!!'

'တကယ်ပဲ သူ့ကို သင့်တော်တဲ့ အိမ်ထောင်ဖက် ရှာပေးမလို့'

'မဟုတ်သေးပါဘူး မင်း သင့်တော်တဲ့သူကို တွေ့ထားလို့လား'

ဆစ်ကျီက ထိုမေးခွန်းကို မဖြေပဲ ရပ်နေသည်။ ပြီးမှ ခေါင်းညိတ်လိုက်ပြီး

'ရင်းအော်နဲ့ သင့်တော်တဲ့သူက တခမ်းတနား ဖြစ်ဖို့မလိုဘူး နတ်ပြည်မှာ ရာထူးကြီးဖို့ မလိုဘူး သင့်တင်တဲ့ စွမ်းအားနဲ့ အတော်အသင့် ဆုံးဖြတ်နိုင်စွမ်း ရှိပြီး အေးချမ်းတဲ့သူဆို ရပြီ'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now