အပိုင်း-၃၃

2.3K 248 2
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၃)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ဖုန်းယွဲ့.. မင်းရဲ့မောင်လေးက ဘာလို့ ဒီမှာ လာနေတာလို့ ထင်လဲ.. သူက အဲ့လို အားမနာတတ်တဲ့ နတ်လား..'

ရင်းအော် မေးလိုက်တော့ ဖုန်းယွဲ့က မျက်တောင်လေးကို ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ပြီးမှ.. ခေါင်းယမ်းလိုက်သေးကာ..

'အဲ့တာကို ဖုန်းယွဲ့လည်း သိပ်မရှင်းလင်းဘူး.. အခါတိုင်း ဆိုရင် သူက ဖုန်းယွဲ့ကို အဲ့လောက် ဂရုမစိုက်ပါဘူး..'

'ဟုတ်လား.. ဒါနဲ့ မင်းကကော နတ်အစွမ်း သုံးခွင့်မရတဲ့ အပြစ်ဒဏ်ကို ဘာလို့ ဒီလောက် နှစ်သက်ရတာလဲ.. မင်းငါ့ကို အပြစ်ကနေ လွှတ်ပေးဖို့ တောင်းဆိုရင်.. ငါမင်းကို လွှတ်ပေးမယ်..'

စိမ့်စမ်းပြာကျွန်းမှာ တခြားသော နတ်တွေ ရှိနေတာကို မလိုလားသောကြောင့် ဖုန်းယွဲ့သာ.. ခွင့်တောင်းပါက ခွင်လွှတ်လိုက်ဖို့ တွေးလိုက်သော်လည်း.. ဖုန်းယွဲ့က ချက်ချင်း ခေါင်းခါလိုက်ကာ..

'ဖုန်းယွဲ့က အပြစ်ကျူးလွန် ထားတာ ဆိုတော့ ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး.. အပြစ်ဒဏ်ကို အပြည့်ဝ ခံယူမယ်.. ဖုန်းယွဲ့ ကျိုးလျန် နတ်မင်း အတွက် စွတ်ပြုတ်လုပ်ထားတယ် သွားပို့ပေးလိုက်အုံးမယ်..'

စိမ့်စမ်းပြာကျွန်းက ကောင်းကင်နတ်တွေ ပျော်ပွဲစားထွက်တဲ့ နေရာများလား..၊ စိတ်ရှုပ်လိုက်တာ..၊ ရင်းအော် ဆေးစပ်တဲ့ နေရာတွင် ထိုင်ပြီး တွေးနေမိတာ ညသို့ ရောက်မှန်းမသိ ရောက်သွားသည်။ မိုးမှောင်နေတာကို သတိမထားမိပဲ ထိုင်နေမိဆဲ..၊ သူမထိုင်နေသော ညလင်းကျောက်များမှ အလင်းတွေ ဖျာထွက်လာတော့ ထိုင်နေရာမှ ထရပ်လိုက်ကာ..

'အစ်ကိုနှစ်.. အစ်ကိုနှစ်..'

'ဘာလဲ..'

'ငါနည်းနည်းလောက် တွေးနေတာ.. အခု ငါ အကြံရပြီ..'

အစ်ကိုနှစ်က ရင်းအော်ကို မယုံသလို လှမ်းကြည့်လာပြီး..

'ဘာအကြံလဲ.. ရင်းရင်း မင်းအကြံကို ငါ တကယ်ကြောက်တယ်..'

ငယ်ကတည်းက မောင်နှမ နှစ်ယောက်က အစ်ကိုကြီး မသိအောင် အတူတူ ကျူးလွန်နေကျမှာ အကြံစည်တွေ အားလုံးကို ရင်းအော်ကပဲ ကြိုးစားပန်းစား တွေးတောကာ လုပ်သမျှ အပြစ် ဖြစ်ခဲ့ဖူးခြင်းကြောင့် အစ်ကိုနှစ်က ရင်းအော်ကို အမြဲတမ်း မယုံကြည်ပဲ ထိုသို့ တွန့်ဆုတ်တတ်မြဲ..၊ ထို့ကြောင့် ဒီတစ်ခါလည်း အစ်ကိုနှစ်က ရင်းအော်နှင့် ဝေးရာသို့ တိုးသွားလိုက်သေးသည်။ သို့သော် ရင်းအော် အစ်ကိုနှစ် အနီးသို့ တိုးသွားကာ..

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Tempat cerita menjadi hidup. Temukan sekarang