အပိုင်း-၂၁

2K 213 1
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၁)

@@@@@@@@@@@@@@@@@@@@

'ရင်းအော် မင်းအဲ့ဒီ ပန်းအိုးလေးကို အရမ်း သဘောကျတာပဲလား မင်း ပစ္စည်းတစ်ခုကို ဒီလောက်တွယ်တာမယ်လို့ မထင်ထားဘူး'

သူ စကားစပြောလိုက်မှ ထိုပန်းအိုးလေးကို လက်က ချလိုက်ပြီး

'ဒီပန်းအိုးလေးက ရင်းအော်နဲ့ ရင်းနှီးပြီးသားလို့ ခံစားမိတယ် ရင်းအော် တွေးနေတာက ဒီပန်းအိုးလေးထဲမှာ ပန်းပင်လှလှလေး စိုက်ထားပြီးတော့ ပွင့်လာတဲ့ ပန်းခက်လေးကို ကိုကြီး ရင်းအော်ကို ပန်ပေးပါလား'

'ကောင်းသားပဲ ပန်းအိုးလေးထဲမှာ ပန်းပင် စိုက်ပြီး ပန်ပေးဖို့ကို ကိုကြီး ကူညီပေးမယ် ဂရုစိုက်ဖို့က ရင်းအော်ရဲ့ တာဝန် ဟုတ်ပြီလား'

အခွေကောက်လေးတွေ ပါနေသော ပန်းအိုးငယ်လေးက သေးငယ်ပြီး လှပသည်။ အစိမ်းရောင် ကျောက်ဖြင့် ပြုလုပ်ထားပြီး ကိုင်မလိုက်လျှင် လေးလေးပင်ပင်နှင့် လက်ထဲမှာ အလေးချိန်က စီးစီး ပိုးပိုးနိုင်၏။ဒါပေမယ့် ဒီလိုပုံစံ ပန်းအိုးကို တွေ့ဖူးသလို ခံစားမိသော်လည်း ထပ်ပြီး မတွေးမိတော့ပေ။

'ကောင်းသားပဲ ကိုကြီး ရင်းအော်ကို ကူညီပြီး ပန်းပင်ငယ်လေး တစ်ပင် ယူလာပေးပါ အပြာရောင် ပန်းဆို ပိုလှမယ်'

'ပန်းအပြာရောင်!!'

'ပန်းထဲမှာ အပြာရောင်ကို ကြိုက်တဲ့သူ သိပ်မရှိဘူး အဲ့တာကြောင့် ရင်းအော်က အပြာရောင်ကို ပိုပြီး နှစ်သက်တယ်'

'ကောင်းပြီ အပြာရောင်ပန်း စိုက်လို့ ရအောင် ကိုကြီး ကူပြီး ရှာပေးမယ် ဟုတ်ပြီလား'

'ကိုကြီးက ရင်းအော် အတွက် အကောင်းဆုံးပဲ'

'ကောင်းပြီ အဝတ်စားလဲ ပန်းပင်တွေ ရှိတဲ့ နေရာကို ခေါ်သွားပေးမယ်'

@@@@@@@@@@

'ဆစ်ကျီ မင်းမလွန်ဘူးလား မီးပင်လယ် မင်းသား ဆီကပါ စိမ့်စမ်းရေပြာအိုင်က ရေကို သွန်ပစ်ဖို့ လိုလို့လား'

'လိုတယ်'

ပြောပြီးတော့မှ ရေပုလင်းငယ်လေးအား ပင်လယ်အတွင်းသို့ သွန်ပစ်ပြီး ပုလင်းငယ်ကိုပါ ပစ်လွှင့်လိုက်သည်။

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now