အပိုင်း-၁၇

2.5K 262 10
                                    

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၇)

@@@@@@@@@@@@@@@@@@@@@

မျက်လုံးတွေ ပွင့်လာတာနဲ့ မျက်တောင်နှစ်ချက် ခတ်တတ်သော အကျင့်လေးက သူမလေး ငယ်စဉ်ကတည်းက အခုထိ၊ ရင်းအော် နိုးလာမှာကို စောင့်နေရာမှ

'နိုးလာပြီလား ဒီနေ့ ခေါ်ပြစရာ တစ်ခုရှိတယ်'

နိုးလာတာနဲ့ ရေချိုးပြီးသား ခေါင်းဖြီးပြီးသား အဝတ်တွေ ဆင်မြန်းပြီးသား၊ ထိုသို့ အားလုံး ပြီးဆုံးအောင် သူ့နန်းဆောင် အတွင်းသို့ အပြင်လူ ဝင်တာ မကြိုက်သော်လည်း သူ့စိတ်အရှုပ်ခံလိုက်ပြီး နတ်အစေခံငယ် နှစ်ပါးကို ခေါ်ယူလိုက်တယ် ဆိုတာ ကိုတော့ သူမလေးသိအောင် ပြောပြနေဖို့ မလိုပါ။

'ဒါကို အရင်ပြီးအောင် စားလိုက်'

'နိုးလာတဲ့ အချိန်မှာ ကိုကြီးကို မြင်ရတာ ကောင်းလိုက်တာ ဒါနဲ့ ရင်းအော် အိပ်နေတဲ့ အချိန်ဆို ကိုကြီး ဘာလုပ်နေတာလဲ'

ပန်းကန်ထဲက မုန့်ကို စားနေရင်း သူ့ကို လှည့်မေးတော့ သူပြုံးမိသည်။ သူမလေးက နိုးလာတာနဲ့ တစ်ချက်လေးမှ အငြိမ်မနေတတ်သူ ဖြစ်ပြီး ဖြိုးခနဲ ဖြတ်ခနဲ လှည့်ပစ်လိုက်တာတွေလည်း သူမထံမှ အကျင့်လေးရှိသည်။ သူမက ထိုသို့ ပြုလုပ်တိုင်း သူမကိုယ်သူမ မထိန်းနိုင်ပဲ လဲကျသွားတာလည်း ရှိတာမို့ ထိခိုက်မိမှာ စိုးကာ သူက အနောက်ကနေ လိုက်ဖမ်းပေးရတာလည်း ရှိ၏။ တကယ်လို့သာ သူမလေးက နေကောင်းတဲ့သူ ဆိုလျှင် သူဘယ်လိုမှ ထိန်းလို့ နိုင်မှာ မဟုတ်၊

'လုပ်သင့်တယ်လို့ သတ်မှတ်ပေးထားတာတွေ လုပ်နေရတာ မင်းနိုးလာတာလောက်တော့ ပျော်ဖို့ မကောင်းဘူးပေါ့'

သူမ ဦးခေါင်းလေးကို လက်ဖြင့် ပုတ်ပြီး ပြောတော့ သူမက သူ့ကို ပါးလေးဖောင်းကာ မျက်စောင်းထိုး၏။ ပြီးတော့မှ ကုန်သွားသော မုန့်ပန်းကန်ကို ပြန်ချသည်။ အစေခံမလေးက ပန်းကန်အလွတ်ကို လာယူသွားတာကို တစ်ချက်ငဲ့ကြည့်လိုက်ပြီးတော့

'မင်းသာ နိုးလာမယ်ဆိုရင် နေ့တိုင်း အချိန်တိုင်း ကိုကြီး ဘာလုပ်နေရလဲ ဆိုတာကို တွေ့နိုင်တာပဲလေ'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now