အပိုင်း-၂၃

2.1K 218 12
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၃)

@@@@@@@@@@@@@@@@@@@@@

တစ်မနက်ခင်း၌ ကောင်းကင်နန်းတော် သလင်းနန်းဆောင်အတွင်း ဆစ်ကျီနှင့် ကျိုးလျန် သူတို့နှစ်ဦးသား တိတ်ဆိတ်စွာ နန်းဆောင်အတွင်း ထိုင်နေမိကြရာတွင်

'ယီမင် နတ်ဘုရား ဆစ်ကျီကို တွေ့ဖို့ ခွင့်တောင်းပါတယ်'

ယီမင် ဆိုမှ ရေနွေးခွက်ကို လှမ်းနေသော လက်တွေကို အကြည့်ရောက်နေရာမှ ကမန်းကတမ်း ထရပ်လိုက်ခြင်းသို့ ရောက်ကာ ဆစ်ကျီ၏ နန်းဆောင် အတွင်းမှ ပြေးထွက်သွားချင်စိတ်တို့ ဖြစ်သွား၏။ သို့သော် ဆစ်ကျီက ထိုင်နေရာမှ မျက်မှောင် ကုတ်ထားလျက်ဖြင့်

'ဝင်လာခဲ့ပါ'

အိမ်ရှေ့မင်းသားက တည်ကြည်သော ခြေလှမ်းတို့ဖြင့် ဝင်လာခဲ့ပြီးမှ

'ယီမင် နတ်မင်းတို့ကို မေးခွန်း နည်းနည်း မေးခွင့်ပြုပါ'

ယီမင်က ခွင့်တောင်းတာကို ဆစ်ကျီက အေးစက်စွာ

'ကောင်းပြီလေ မေးပါ ဆရာတူ ညီလေး'

'ကျိုးရင်း နတ်ဘုရားမ ဆိုတာက ဆစ်ကျီနတ်ဘုရားရဲ့ အငယ်ဆုံး တပည့်လေးလို့ သိရပါတယ် အဲ့တာကြောင့် ဆစ်ကျီနတ်ဘုရားထံမှာ အမှုမဲ့အမှတ်မဲ့နဲ့ ကျိုးရင်း နတ်ဘုရားမ ထံမှ လက်ဆောင် အနေနဲ့ စိမ့်စမ်းပြာရေစက် အနည်းငယ်လောက် ရှိမလား ဆိုတာကို ယီမင် သိချင်ပါတယ်'

'ကျိုးရင်းက အိပ်နေတာ နှစ်တွေ ဒီလောက်ကြာပြီ သူနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေလည်း မရှိတော့ဘူး အိမ်ရှေ့မင်းသား တောင်းတဲ့ အကူညီကို မပေးနိုင်တာ အားနာပါတယ်'

အိမ်ရှေ့မင်းသားက အကြည့်တစ်ချက်မျှသာ ဝမ်းနည်းရိပ် သန်းသွားသော်လည်း

'ယီမင် သိပါပြီ သွားခွင့်ပြုပါအုံး'

အိမ်ရှေ့မင်းသား ထွက်သွားပြီ ဆိုမှ ကျိုးလျန် သက်ပြင်းကို ချလိုက်မိပြီး

'မလွယ်ဘူး အသက်တောင် အခုမှ လပိုင်းပဲ ရှိသေးတဲ့ နတ်တစ်ပါးက ဘယ်လိုလုပ်ပြီးတော့ မင်းနဲ့ ပုံစံတူနေရတာလဲ ဟူး'

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now