အပိုင်း-၁၉

2K 233 3
                                    

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၉)

@@@@@@@@@@@@@@@@@@@@@@

'ရင်းရင်း အဲ့လို ရောဂါတွေကို ပျောက်အောင် ကုသတဲ့နည်းလမ်း တစ်ခုကို မမ ကြားဖူးတယ်'

လော့အော် ပြောလိုက်တာနှင့် ထိုလူသားမိန်းကလေးက စိတ်ပါဝင်စားစွာဖြင့် လှည့်ကြည့်လာပြီး

'ဟုတ်လား ဘယ်လို နည်းလမ်းလဲ'

'အဲ့တာက လုပ်ဖို့ နည်းနည်းတော့ ခက်တယ် နတ်ပြည်မှာ နတ်မီးအိမ် ဆိုတာ ရှိတယ် သူ့ကို လေထဲမှာ ပစ်တင်ပြီး ဆုတောင်းရင် ကျန်းမာရေး မကောင်းတဲ့ နတ်တွေတောင် ကျန်းမာရေး ကောင်းတယ်တဲ့'

'တကယ်လား အဲ့တာဆို ရင်းအော် နေကောင်းလာမှာလား'

'သေချာတာပေါ့ ကောင်းလာမှာပေါ့ လာလေ ဆုတောင်းချင်ရင် လိုက်ပို့ပေးမယ်'

မီးမညှိရ မီးအိမ်အဖြစ် သတ်မှတ်ထားသော နတ်မီးအိမ်ရှိရာ နေရာသို့ ရင်းရင်းအား ခေါ်သွားသည်။ ရင်းရင်းက ခေါ်သွားရာသို့ လိုက်သွားတော့ လုံအယ်က စိတ်ညစ်သွားမိ၏။ ကောင်းကင် အကာကွယ် နန်းတော်တွင်း မဟုတ်လျှင် သူမကို ကာကွယ်ဖို့ အခွင့်ရေး မရှိဘူး ဆိုတာကို ဒီလူသားမလေးက ဘယ်တော့များ နားလည်မှာလဲ၊

'ဟိုမှာ တွေ့လား အဲ့ဒီ မီးအိမ်လေး အဲ့မီးအိမ်လေးကို မီးညှိပြီး လေပေါ်မှာ ပစ်တင်ပြီး ဆုတောင်းရမှာ အဲ့တာဆိုရင် မီးအိမ်က လေပေါ်မှာ ငြိမ်သက်သွားလိမ့်မယ် ဒါဆို တောင်းတဲ့ဆုက ပြည့်လိမ့်မယ်'

ကျောက်ကလပ်ပေါ်တွင် တင်ထားသော ပန်းဖူးသဏ္ဍာန် မီးအိမ်လေးကို ငေးကြည့်ကာ ရင်းအော် ပြုံးမိသွားသည်။ ရင်းအော် ကံကောင်းလိုက်တာ၊ ရင်းအော် တစ်သက်လုံး နေမကောင်း ဖြစ်နေတာ ဒီနေ့ ဒီမီးအိမ်လေးမှာ ဆုတောင်းပြီးတာနဲ့ မနက်ဖြန် ဆိုရင် ရင်းအော် နေကောင်းသွားတော့မည်။ ထိုသို့ လျှင် ကိုကြီး ပြန်လာလျှင် ရင်းအော် နေကောင်းသွားတာကို တွေ့ပြီး ဝမ်းသာ သွားမည်။

ပျော်ရွှင်သော အတွေးတို့နှင့် ထိုမီးအိမ် ရှိရာသို့ တစ်လှမ်းချင်း လှမ်းနေမိသည်။ ညရောက်ရင် ကြယ်တွေ ကြည့်ပြီး တစ်နေကုန် ရေထဲက ငါးတွေ ဘာတွေ လုပ်နေလဲ ဆိုတာကို ကြည့်နေပြီးတော့ နေထွက်ချိန်ရယ် နေဝင်ချိန်ရယ်ကို ကြည့်ပြီးတော့ ကိုကြီးအတွက် လုပ်ပေးနိုင်သမျှကို လုပ်ပေးပြီးတော့ တစ်နေတာလုံး မအိပ်ပဲ နေခွင့်ရတော့မည်။ ကျေနပ်စွာ ရယ်မောလိုက်မိသလားတောင် မပြောတတ်၊

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now