ဟာ .. ပြဿနာပဲ။

“အဉ္ဇလီ .. နင် .. ငါ့နဲ့  လာအိပ်ရအောင် .. နင့်မှာ .. ငါတို့ လို .. ဟိုဟာပါလို့ လား .. .. .. .. ဟင်း .. ငါ ပြောလိုက်ရ မကောင်း ဖြစ်ကုန်တော့မယ် နော။ တော် .. တော် .. .. အဉ္ဇလီ .. နင် .. ယောက်ျားလေး ဆိုရင် ငါ့နဲ့  လာအိပ်။”

အဲ့လို ပြောလိုက်မှပဲ .. အဉ္ဇလီ .. ချာကနဲ လှည့်ထွက်သွားပါတော့တယ်။

နောက်ဆုံး အဉ္ဇလီ က .. မြန်မာဆန်ဆန် ဟင်းတွေ ချက်တတ်ချင်တယ် ဆိုလို့  ဗိုလ်ဗိုလ်က မေမေ့ကို ပြောပြပြီး အဉ္ဇလီ့ ကို .. ဗိုလ်ဗိုလ် တို့  အိမ်မှာ ဟင်းချက်နည်း လက်တွေ့  အတတ်သင်တန်း တက်စေပါ တော့တယ်။ သင်တန်းကာလ အတွင်းမှာတော့ ဗိုလ်ဗိုလ် တစ်ယောက် .. အမေ့ ဈေးခြင်းတောင်း .. ကိုင်လိုက်စရာ မလိုတော့ဘူးပေါ့။

အဉ္ဇလီ နဲ့  တွဲလွန်းလို့  ဖေဖေက ..

“ငါ့သား ဘာသာခြားနဲ့  ညားသွားဦးမယ်နော်”

လို့  စိုးရိမ်ပြပါသေးတယ်။ ချစ်သူငယ်ချင်း သီဟန်ကတော့ ..

“ဗိုလ်ဗိုလ် .. မင်းမှာတွဲစရာ စော်ရှားသွားပြီလား”

တဲ့။

ဗိုလ်ဗိုလ် ပြုံးလို့ ပဲ နေလိုက်ပါတယ်။

ကိုယ့်ကိုယ်ကို ကိုယ်အသိဆုံးပါ။

အဉ္ဇလီ က ဗိုလ်ဗိုလ်ထက် ၂နှစ်ငယ်လို့  .. အတန်း ၂တန်းလည်း နောက်ကျတာမို့  .. အခုမှ ၁၀တန်း တက်တာပါ။ အဲ့တော့ .. အဉ္ဇလီ့ ဆီမှာ .. ကျောင်းစာ လတ်လတ်ဆတ်ဆတ် အသစ်တွေ ရှိတယ် .. စုံတယ်လေ။ ဒီတော့ .. ဗိုလ်ဗိုလ် .. အဉ္ဇလီ့ အိမ်ကို သွားပြီး .. စာသွားကြည့်ရတယ်ပေါ့။

ဗိုလ်ဗိုလ် တစ်ယောက် .. ကိုလင်း ကလည်း မရှိတော့ဘူး .. ၁၀တန်းကလည်း ထပ်ကျပြန်တော့ .. စိတ်က တော်တော်ကြီးကို .. လေသွားပြီ။ လူလည်း ဂျလေဘီ ဖြစ်မှန်းမသိ ဖြစ်နေပြီ။

သီဟန် တစ်ယောက်သာ .. ဗိုလ်ဗိုလ့် ကို အနီးကပ် ထိန်းပေး နေတာပါ။ Maths မေဂျာ ယူထားတဲ့ သီဟန်က .. ဗိုလ်ဗိုလ့် ဆီကို တကူးတက လာပြီး .. Maths ကို Guide လာလုပ် ပေးပါတယ်။

" နွဲ့ဆိုးဗိုလ် "Where stories live. Discover now