'ဟုတ်​ပါပြီ အဲ့ဒါဆို မာမီတို့​တွေ အိမ်​ပြန်​ပြီး အထုတ်​အပိုး​တွေ ယူပြီးရင်​ သွား​တော့မယ်​​နော်​'

မာန​ခေါင်းပဲ ငြိမ့်​ပြလိုက်​သည်

ဒေါ်​​ရွှေဝန်းရံနှင့်​ မာနဒယ်​ဒီက​တော့ ခန်းမထဲက​နေ ထွက်​သွားပါပြီ

'မာမီ​ရောဟင်​'

မာန ခန်းမလုပ်​ထား​သော ဟိုတယ်​မန်​​နေဂျာနှင့်​ စာရင်းများ ရှင်း​နေစဉ်​ ​နောက်​က​နေ အသံ​သေး​သေး​လေး ထွက်​လာ​လေသည်

'ဟမ်​ ဘာ​မေးတာလဲ'

မာန ကြားလိုက်​​ပေမဲ့ မကြားချင်​​ယောင်​​ဆောင်​ကာ ပြန်​​မေးလိုက်​သည်

'မာမီ​ရောလို့ ဝန်းရံ မာမီကို မ​တွေ့​တော့ဘူး'

ဝန်းရံအသံ​လေးက ငိုသံစွက်​လာတာ​ကြောင့်​ မာန သနားသွားမိသည်

ခုချိန်​​လောက်​ဆို ဒယ်​ဒီတို့လဲ အိမ်​က​နေ ထွက်​သွား​လောက်​ပါပြီ​လေ

'ဒယ်​ဒီတို့ အိမ်​ပြန်​သွားတယ်​​လေ'

'ဟုတ်​လား မာမီက ဝန်းရံကိုလဲ မ​ခေါ်သွားဘူး'

ဟား ဘယ်​လိုကလေးလဲဟ ဒင်းက သူများလင်​မယားကြားထဲလဲ ဝင်​ပါချင်​တာပဲလား

ဒေါ်​ရွှေဝန်းရံ ​ပြောတုန်းက အပို​တွေဟု ထင်​ထားခဲ့​သော်​လဲ ဝန်းရံက တကယ်​က​လေးပါ

သူ့ဘာသာ ပွစိပွစိ​ပြောကာ လှည့်​ထွက်​သွားပြန်​သည်

မာနလဲ မန်​​နေဂျာနှင့်​ ဆက်​​ပြော​နေလိုက်​သည်

ခဏကြာ​သောအခါ မာန အင်္ကျီလက်​​မောင်းနားကို ​နောက်​က​နေ ဖွဖွလာဆွဲပြန်​သည်

မာနလှည့်​ကြည့်​လိုက်​​တော့ ဝန်းရံပဲ​ပေါ့ မျက်​နှာငယ်​​လေးနဲ့

'ကဲ ဘာဖြစ်​ချင်​ပြန်​ပြီလဲ'

'ဟို မာမီတို့က ဘယ်​အိမ်​ကို ပြန်​သွားတာလဲဟင်​'

'ဟ သူတို့အတွက်​ ဝယ်​ထားတဲ့ အိမ်​အသစ်​ကို​ပေါ့ကွ တခြား ဘယ်​ကိုသွားရမှာလဲ'

မာနတစ်​​ယောက်​ ဝန်းရံကို တစ်​ကယ်​ စိတ်​မရှည်​ချင်​​တော့ပါ

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now