Ep 14

1.4K 147 24
                                    


🍃🍃🍃🍃🍃

၅၂ရက်.....
ကလေးနဲ့ မတွေ့ရတာ ၅၂ရက်ဆိုပေမဲ့ ၅၂နှစ်လိုပဲ...

ရင်ထဲမှာ တကယ်ကို ပူလောင်နေပါပီ...
တခါမှ ကိုယ့်ကိုဒီလောက်အကြာကြီးပစ်မထားတတ်တဲ့ ကလေးက ဘာမဟုတ်တဲ့ကိစ္စလေးအတွက် ယွန်းကို ပစ်ထားတယ်ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး....

showပွဲညမှာ ဇူးဇူးက ယွန်းကို tagပီး liveလွှင့်ခဲ့သည်..။ အပြန်မိုးချုပ်နေတာကြောင့် ယွန်းအဲ့သည်ညက လိုင်းမသုံးဖြစ်ခဲ့။ မနက်ရောက်မှ တွေ့တော့ ယွန်းရင်ထဲ ထိတ်ခနဲစိုးရိမ်သွားခဲ့ရသည်။ ကလေးတွေ့သွားပီလားဆိုတဲ့စိတ်နဲ့ ကလေးကို စကားပြောဖို့ကြည့်တော့ active မဖြစ်... နောက်ဆုံး activeဖြစ်တဲ့အချိန်နဲ့ ဇူးဇူးရဲ့ liveလွှင့်ချိန်နဲ့တိုက်ကြည့်တော့ ကလေးမတွေ့ထားသေးဘူးပဲ ဆိုပီး..ပေါ့ပေါ့ဆဆ နေလိုက်မိတာ...။

ဇူးဇူးtagထားတာကိုလဲ remove tagလုပ်ပီး ကိုယ့်ကိုယ်ကို မလုံတဲ့စိတ်နဲ့ ကလေးကို အားနာနေမိသည်။ တကယ်ဆို ပွင့်ပွင့်လင်းလင်းခွင့်တောင်းပီးမှသွားလဲရရဲ့နဲ့ ကလေးကို မပြောပဲသွားလိုက်မိတာ ယွန်းအပြစ်ဆိုတာသိပါသည်။

အဲ့ဒီ အားနာစိတ်နဲ့ ကလေးလိုင်းတက်လာမဲ့အချိန်ကို စောင့်နေခဲ့သော်လဲ..ကလေးက ပေါ်မလာခဲ့ပါ။

၃ရက်မြောက်နေ့အထိပေါ်မလာတဲ့ကလေးကြောင့် ယွန်းစိတ်ထဲ အစာမကြေဖြစ်မိသည်။
Liveကို သူ့accနဲ့မဟုတ်ပဲ တခြားနည်းနဲ့တွေ့သွားတယ်ထင်ပါရဲ့..။ တကယ်ဆို ယွန်းကိုစိတ်ဆိုးတယ်ဆိုရင်လဲ အနည်းဆုံးတော့ ဆက်သွယ်ခွင့်လေးပေးထားသင့်တယ်လေ။
အခုတော့ သူ့cbမှာ ပို့ထားတဲ့ယွန်းရဲ့စာတွေက အရူးတယောက်ရဲ့ကဗျာတွေလိုပဲ..ဖတ်မဲ့သူမရှိ။

တကယ်လို့ဆက်သွယ်ခွင့်သာပေးရင် ယွန်း ကလေးကို တောင်းပန်မှာပါ။ ကလေးကျေနပ်တဲ့ထိ တောင်းပန်မှာပါ။အခုတော့ သူက ရက်စက်လွန်းသည်။ ၃ရက်ကြီးတောင်ပစ်ထားသည်လေ..။ သူတောင်ပစ်ထားရက်တာပဲ ကိုယ်လဲနေတတ်အောင်နေမယ်ဆိုတဲ့စိတ်နဲ့ နေခဲ့ပေမဲ့
၁၆ရက်ဆိုတဲ့အတိုင်းတာတခုထိပစ်ထားခဲ့ပီးနောက်မှာ ယွန်းရင်ထဲ စိုးရိမ်စိတ်တို့ပါ ဝင်လာရသည်။

ဝေးWhere stories live. Discover now