Ep 9

1.5K 128 12
                                    

"Johnson and Wales University"

ကျောင်းဝင်းရှေ့ကိုရောက်တာနဲ့ မွန်းကိုယ့်ကိုယ်ကို သိမ်ငယ်လာသလိုခံစားရပေမဲ့
ကျောင်းသားကျောင်းသူတွေအကုန်လုံး တက်တက်ကြွကြွနဲ့သွားလာလှုပ်ရှားနေတာမြင်ရတော့ မွန်းစိတ်တွေလဲ လန်းဆန်းလာတယ်။
မွန်းက "Restaurant, food and beverage management" junior ကျောင်းသူအဖြစ်နဲ့ ဝင်လာတာမို့ တခြား ဘာသာရပ်က လူတွေက လှောင်များလှောင်ကြမလားလို့ ထင်ရာတွေလျှောက်တွေးမိပေမဲ့... မွန်းထင်သလိုမဟုတ်ပဲ အားလုံးက ဖော်ဖော်ရွေရွေရှိကြတယ်...အတန်းဖော်တွေက ကူညီကြသလို ဆရာတွေကလဲ သဘောကောင်းတယ်
စာတွေ့ထက်လက်တွေ့သင်ရတဲ့ဘာသာဖြစ်တာကြောင့် ပျင်းလဲမပျင်းရဘူး..

ကျောင်းစတက်တဲ့နေ့မှာပဲ Mollyဆိုတဲ့ သူငယ်ချင်းမလေး တယောက်ရတယ်.. အရမ်းခင်ဖို့ကောင်းပီး ပွင့်လင်းတယ် သူနဲ့စကားပြောတော့ လဲ့လဲ့တို့ကို အရမ်းသတိရတာပဲ.... ။

နောက်တစ်ပတ်ကျောင်းပိတ်ရက်ရောက်ရင် Rocky Mountainကို သွားကြမယ်လို့ တီတီကပြောတယ်..ericကတော့ ငါးမျှားဖို့ခေါ်တယ်..ဒါပေမဲ့ နောက်ဆုံးတော့ Ericလက်လျှော့လိုက်ရတယ်.. Rocky Mountainကို မ နဲ့ တူတူသွားချင်တယ်...နှင်းတွေကြားထဲ ပျော်နေမဲ့ မရဲ့ မျက်နှာလေးကို စိတ်ကူးနဲ့ပုံဖော်ကြည့်ရင်း အရမ်းလွမ်းလာလို့ မွန်းဒီနေ့ငိုပါတယ်....
.....

Diaryစာအုပ်လေးကို ပိတ်ပီး နာရီကြည့်လိုက်တော့ ည၂နာရီထိုးပီ..ဒီချိန်ဆို မ အိမ်ပြန်တဲ့ချိန်ပေါ့... တနေ့တာဖြစ်ပျက်သမျှ မဆီ စာပို့ပီး မွန်းအိပ်ဖို့ပြင်ဆင်ရတယ်..မ လိုင်းတက်တဲ့ချိန်စောင့်ပီးစကားပြောနေရင် မွန်းဒီညအိပ်ရမှာမဟုတ်ဘူး..
တခါတလေ လိုက်လာမိလို့နောင်တရချင်သလိုလိုဖြစ်မိတယ် မ နဲ့ လူချင်းဝေးရုံမက အချိန်နာရီ နေ့နဲ့ညတွေပါကွာခြားနေတော့ ပိုဝေးသွားသလိုခံစားမိလို့လေ.........။
..............
.................
...........................
🌁🌁🌁🌁

အိမ်ပြန်တဲ့လမ်းတလျှောက်လုံး ယွန်းစိတ်တွေလေးလံနေတယ်
အရင်ကဆို အလုပ်ကပြန်ရင်ဝင်တွေ့နေကျ ကလေးလေးမရှိတော့ အိမ်ပြန်လမ်းတွေဟာလဲ အသက်မဲ့နေသလိုပဲ.....
သူ့အိပ်ချိန်လေးမနှောင့်ယှက်ချင်လို့.. ဖုန်းပြောချင်စိတ်တွေအောင့်ထားရတယ်..အရမ်းလွမ်းလာရင် သူ့ပုံလေးတွေကြည့်ပီး အလွမ်းဖြေ...ဒါမှမဟုတ် ဆုမြတ်နဲ့တနေရာရာ လျှောက်သွားပစ်လိုက်တယ်..
ဒါပေမဲ့လဲ အလွမ်းတွေကတော့ လျော့သွားတယ်လို့မရှိပါဘူး ...
......

ဝေးWhere stories live. Discover now