Ep 4

1.9K 140 4
                                    

  ယွန်းတို့အောက်ထပ်ဆင်းလာတော့ ဧည့်သည်တွေနဲ့တန်းတိုးသည်။ မွန်းက ဧည့်သည်တွေနဲ့နှုတ်ဆက်နေတော့ ယွန်းလဲ ဘေးကနေရပ်စောင့်ရင်း ဘာရယ်မဟုတ် ကလေးရဲ့လက်ကို ကိုင်လိုက်မိသည်။
အဲ့အချိန်မှာပဲ ပျက်ယွင်းသွားတဲ့မျက်နှာတစ်ခုကို ယွန်းမြင်ဖြစ်အောင်မြင်လိုက်သေးတယ်။
   Aww..ငါဆိုသည်မှာလဲ ရည်းစားလေးတယောက်ပူပူနွေးနွေးရရုံရှိသေး သဝန်တိုတဲ့ရောဂါထလာပါပီရော... တွေ့သမျှလူနဲ့သဝန်တိုနေလို့မဖြစ်ပါဘူး ကလေးနေရထိုင်ရမွန်းကြပ်သွားလိမ့်မယ်..ယွန်းကိုယ့်ကိုယ်ကို သတိပေးရင်း ကလေးလက်ကိုဆွဲကာ ထမင်းစားခန်းထဲဝင်လာလိုက်တော့သည်။
.......
.......

ချစ်စ ခင်စ ကြင်နာစ အချိန်လေးတွေက အလွန်ကြည်နူးဖို့ကောင်းပါသည်။
Messengerမှာလဲ ပြောလို့မဝ..သူ့အကြောင်း ကိုယ့်အကြောင်း ရှေ့ဆက်မဲ့ ဘဝအကြောင်းတွေပြောပီး စိတ်ကူးတွေယဉ်ရတာလဲ အမော.. သို့သော် အပြင်မှာတွေ့ဖို့ကျ မွန်း ရှက်နေသည်။ ဟိုတနေ့ကသွေးပူနေတုန်းဆိုတော့ ရှက်ရကောင်းမှန်းမသိသေး.. ချစ်သူတွေဖြစ်ပီးတော့မှ သူတခွန်းပြောရင် အဲ့တခွန်းအတိုင်းကိုယ့်မှာ ရင်ခုန်ရသည်။ messengerမှာပဲ မနဲ့စကားကောင်းကောင်းပြောဖြစ်သည်။ ဖုန်းပြောရင်လဲ မွန်းရှက်နေတာနဲ့ဘာမှရေရေရာရာမပြောဖြစ်။ video callဆိုတာဝေလာဝေး။
.....................

ဒီနေ့တော့ မက ပူဆာလွန်းနေသဖြင့် ၂ယောက်သားdateဖို့ ချိန်းထားကြသည်။      
မွန်းတို့ရပ်ကွက်နဲ့ မနီးမဝေးက ဆိုင်လေးတစ်ခုမှာ တွေ့ကြမည်။
ကိုယ့်ပုံစံကိုယ် စိတ်တိုင်းမကျသဖြင့် ပြန်ပြန်ပြင်နေရင်း မနဲ့ချိန်းထားတဲ့အချိန်ထက် ၁၅မိနစ်လောက်နောက်ကျပီးမှ မွန်းရောက်တော့ မ ကားလေးက ရောက်နှင့်နေပီ။ ဆိုင်ထဲဝင်သွားတော့ ချောင်ကျကျစားပွဲလေးတစ်ခုမှာ မ က ထိုင်နေရင်း လက်လှမ်းပြသည်။
Oh...မ က တခြားနေ့တွေထက်ပိုလှနေသလိုပဲ ရင်တွေခုန်လိုက်တာ သေတော့မယ်။
မွန်း ခြေလှမ်းတွေမှားမတတ်နဲ့ မ အနားရောက်သွားတော့ မ က သူ့ဘေးကခုံကို လက်နဲ့ပုတ်ပြသည်။

"မ"

မ က မထူးပဲ ပြုံးပီးကြည့်နေသည်။ မွန်းရှက်လာပီး ဘာလုပ်ရမှန်းမသိ။ မ က မွန်းလက်လေးကို ဆုပ်ကိုင်လာတော့ မွန်းလဲ မလက်ကို မလွတ်တမ်းပြန်ကိုင်ထားပီး ဘာမှမပြောကြပဲ အကြည်စိုက်နေသည်မှာ ဘယ်လောက်ကြာသိမသိ။ waiterလေးရောက်လာတော့မှ ၂ယောက်သားရှက်ကိုးရှက်ကန်းနဲ့ စားစရာတွေမှာကျသည်။ ပီးတော့ ဘာမှမပြောပဲ ၂ယောက်သား ပြုံးစိစိနဲ့ထိုင်နေကြသည်။

ဝေးWhere stories live. Discover now