Ep 13

1.4K 128 10
                                    


Friday Night 🌃🌉

သောကြာနေ့ညတွေကို မုန်းတယ်.....
ကိုယ်အထီးကျန်နေတယ်ဆိုတာ
ကိုယ့်ကိုယ်ကို လိမ်လို့မရတဲ့ ညတွေဖြစ်နေလို့.......။

....................................

🥁🥁🥁🥁🥁

ဒီလိုရာသီဥတုက အရမ်းသဘောကျစရာကောင်းလွန်းတယ်...မိုးနံ့သင်းတဲ့ လေပြေအေးအေးတိုက်ခတ်နေပေမဲ့ ကျောင်းသားကျောင်းသူတိုင်းနီးပါး ချွေးတစိုစိုနဲ့ လှုပ်ရှားနေကြတာမျိုးကို မွန်း သဘောကျပါတယ်.....

ဒါပေမဲ့...လူတွေအားလုံးပျော်ရွှင်နေတဲ့အချိန်မှာ ကိုယ်တယောက်ထဲ သီးသန့်ကမ္ဘာလေးထဲရောက်နေသလို အထီးကျန်ဝေဒနာကိုပေးစွမ်းနိုင်တဲ့အတွက်တော့.... သောကြာနေ့ညကို မုန်းတယ်.....။

.....................................................

💫💫💫💫

်ချိန်းထားတဲ့အချိန်ကို ၄၇မိနစ်တိတိကျော်လွန်နေပီဖြစ်ပေမဲ့ ခုချိန်ထိ အရိပ်မမြင်ရသေးတဲ့ မယ်မင်းကြီးမ မြတ်နိုးကို အသံတိတ်မေတ္တာပို့ရင်း အားကစားကွင်းရဲ့ မလှမ်းမကမ်းမှာ မွန်း ရှိနေခဲ့တယ်...။

နာရီတကြည့်ကြည့်နဲ့ ရှေ့နဲ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ မွန်းကို အနားကဖြတ်ပြေးသွားတဲ့ cheerleaderကောင်မလေးတွေက ကွက်ကြည့်ကွက်ကြည့်လုပ်သွားလေရဲ့......dateဖို့စောင့်နေတယ်များ ထင်နေကြလားမသိ။

တဖြည်းဖြည်းရာသီဥတုက အအေးဓာတ်များလာပီး ချမ်းစိမ့်လာပေမဲ့ ကွင်းထဲက အားကစားသမားတွေနဲ့ အားပေးသူတွေရဲ့ အသံတွေဟာ မွန်းကို ထထွက်မသွားမိအောင် ဆွဲဆောင်ပေးနေကြရှာတယ်...။

အေးအေးဆေးဆေးမှတွေ့ရအောင်ဆိုတဲ့စကားကြောင့် part timeအလုပ်ကို အရင်သွားပီးမှ လာစောင့်နေရတာဖြစ်လို့ ဗိုက်ကလဲ ဆာနေပီ...။

ဒီချိန်ထိပေါ်မလာတာ လမ်းမှာတခုခုများဖြစ်နေလို့လား။ အစပိုင်းကတော့ စိတ်တိုနေတာကြောင့် တခြားဘာကိုမှမတွေးမိခဲ့ဘူး..။

"ဖုန်းကိုင်ပါကွာ"

မြတ်နိုးဖုန်းကိုခေါ်နေတာ အကြိမ်ပေါင်းမနည်း။
စက်ပိတ်ထားတယ်ပဲ ဖြေနေတာကြောင့် စိုးရိမ်သလိုလိုဖြစ်လာသည်။

ဝေးWhere stories live. Discover now