Ep 11

2.1K 143 25
                                    

    ⛅☁⛅☁⛅☁

News feedမှာတက်လာတဲ့ ကလေးနဲ့သူ့သူငယ်ချင်းရဲ့ပုံတွေကိုကြည့်ပီး သက်ပြင်းဖွဖွသာ ချမိသည်။ အမှန်တိုင်းပြောရရင် မြတ်နိုးရဲ့ အကြည့်တွေနဲ့ ပြောပုံဆိုပုံတွေကို ယွန်းမကြိုက်ပါ။

ကိုယ်မကြိုက်ပါဘူးဆိုမှ သူက ဟိုမှာတောင်ရောက်နေပီ။ သွေးရိုးသားရိုးမှဟုတ်ရဲ့လား။

အနေနီးတာတွေ အနေဝေးတာတွေကို ယွန်းကြောက်သည်။
မတော်တဆ ကလေးသာ စိတ်ယိုင်သွားရင်.....။

.....

သူရော ကိုယ်ရော ချစ်နေပါရက်နဲ့ ဘေးလူတွေကြောင့်ဝေးရမှာတော့ မလိုချင်ပါ။ ယွန်းကတော့ ကိုယ့်ကိုယ်ကို အာမခံနိုင်ပါတယ်။ ကလေးကလွဲပီး ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာ။ မိန်းကလေးတော်တော်များများ သဘောကျလောက်တဲ့ ကိုစိုင်းလိုလူမျိုးကိုတောင် ဥပေက္ခာပြုပီး သူငယ်ချင်းတစ်ယောက်အဖြစ်သဘောထားနိုင်သေးတာပဲ။

ယွန်း တကယ် ယောက်ျားတွေကို စိတ်ဝင်စားလို့မရ။
အရင်ကတော့ကိုယ့်ကိုယ်ကို bisexualလို့ထင်မိပေမဲ့ တကယ်တမ်း lesbianစစ်စစ်ဆိုတာ ကလေးကို ချစ်ပီးတဲ့အချိန်ကစပီး သိလိုက်ရသည်။

အခုဆို လမ်းသွားရင်တောင် ကောင်မလေးတွေကို လိုက်ငမ်းနေမိတယ် 😁😁

.....

"သမီး ဘုရားကန်တော့ဖို့ မမေ့နဲ့ဦးနော်"

"ဟုတ် မေမေ"

ခရီးသွားခါနီး ဘုရားရှိခိုးပီးမှ အိမ်ကထွက်တာ ယွန်းငယ်ငယ်ထဲက အကျင့်ဖြစ်သည်။

ယွန်းတို့ မန္တလေးကျောင်းခွဲက seniorဆရာတစ်ယောက် အလုပ်ထွက်သွားတာကြောင့် ယွန်းက ခနသွားပီး တာဝန်ယူပေးရမည်။
ရန်ကုန်မှာက ဆရာတွေများပေမဲ့ ယွန်းတို့နဲ့ယှဉ်ရင် လုပ်ငန်းအတွေ့ကြုံနုသေးတာကြောင့် ကျောင်းခွဲကိုတာဝန်ယူဖို့ မနိုင်နင်း။

ယွန်းက မန္တလေးကျောင်းနဲ့ရင်းနီးပီးသားဖြစ်တာကြောင့် ဒီတခါလဲ ယွန်းပဲ သွားရသည်။
Batchတစ်ခုပီးတဲ့အထိ တာဝန်ယူရမှာဖြစ်တာကြောင့် ဟိုမှာတော်တော်ကြာအောင်နေရမည်။

လိုရင်လိုသလို ခရီးသွားရတာကြောင့်
မေမေကတော့ အလုပ်ထွက်ဖို့ပြောပေမဲ့ ယွန်းက စာသင်ရတာလဲဝါသနာပါတာတစ်ကြောင်း..အလုပ်လေးကိုလဲ သံယောဇဉ်ဖြစ်နေတာရောကြောင့် မထွက်ဖြစ်။

ဝေးWhere stories live. Discover now