Ep 10

1.5K 126 9
                                    


🌞☔❄

အချိန်တွေက ဖြည်းဖြည်းလေးသွားနေလား...
သတိမထားမိလောက်အောင် မြန်နေတာလား..
မကုန်ချင်တဲ့အချိန်တွေကျ..အကုန်မြန်ပီး...
တခါတလေကျတော့...တကယ်ကို နှေးနှေးလေး..။

..

"ရာသီဥတုကတော့ ကိုယ့်ဘက်မှာဟေ့"

ကောင်းကင်ပြာပြာကြီးကိုမော့ကြည့်ပီး ပြောလိုက်တဲ့Ericစကားကြောင့် တီတီရော မွန်းရော လုပ်လက်စအလုပ်တွေရပ်ပီး အိမ်ပြင်ဘက်ထွက်လာခဲ့ကြတယ်...

"ဘယ်သွားကြမလဲ Eric"

"ထုံးစံအတိုင်းပေါ့ကွာ"

Ericက ငါးမျှားတံထားတဲ့ ဂိုဒေါင်ဘက်ကို မေးငေါ့ပီးပြောတယ်..

"Christmas မတိုင်ခင် အဝမျှားရမှာ..နောက်ရက်တွေဆို လူအရမ်းများပီး သွားလို့မကောင်းတော့ဘူး"

"ဟုတ်သားပဲ Christmasတောင် နီးလာပီ "

"အံမယ် ဒီ၂ယောက်က အတိုင်ဖောက်ညီနေကြတာ ငါလဲလိုက်မှာနော်"

"ဘယ်သူက မလိုက်နဲ့ပြောလို့လဲ တီတီရဲ့"

"မလိုက်စေချင်တဲ့သူရှိတယ်အေ့"

"သူလိုက်ရင် ငါးတွေပါ နားငြီးပီးမလာကြတော့ဘူးကွ"

Ericက လျှာထုတ်ပြပီး အိမ်ထဲပြေးဝင်သွားတော့ တီတီက လိုက်ရိုက်လေရဲ့... ပြေးတမ်းလိုက်တမ်းဆော့နေတဲ့ လူကြီး၂ယောက်ကိုကြည့်ပီး မွန်းဆီကိုပါ အပျော်တွေကူးစက်လာတယ်....
သြော်...ငါလဲ မနဲ့ ဘယ်ချိန်မှ ဒီလိုလေးပျော်ရပါ့မလဲနော်..

မ အကြောင်း ခေါင်းထဲရောက်လာတာနဲ့ချက်ချင်း ဒီနေ့အတွက်missionကို လဲ့လဲ့ဆီပို့ပေးလိုက်သည်။

အခုတလော စိတ်ခနခနကောက်နေတဲ့ မ ကြောင့် မွန်းမှာ ဘာလုပ်လုပ်စိတ်မပါ.. အရင်တခါတပတ်လောက်အဆက်သွယ်ဖြတ်ခံရပီးထဲက မွန်းမှာ ရှိသမျှအချိန်တွေအားလုံး မ ဆီ ပုံပေးထားဖို့ဆုံးဖြတ်လိုက်ရသည်။

မအားရင် အားအောင် လုပ်ရသည်။
တခါတလေဆို ညတောင်မအိပ်ဖြစ်။
သခင်မလေးနဲ့ စကားပြောပေးရသည်။
ဒီလောက်အလိုလိုက်ပေးနေပေမဲ့ မ တယောက်ဟာ စိတ်ကောက်တဲ့နက္ခတ်နဲ့ မွေးလာသလားမသိ။
အခုလဲ စိတ်ကောက်နေပြန်ပီ။

ဝေးOpowieści tętniące życiem. Odkryj je teraz