၁လလောက်အိမ်ထဲအောင်းနေပီး laptopလေးကျန်းမာရေးမကောင်းတော့မှ မွန်းအပြင်ထွက်ဖြစ်တော့သည်။
ပူပူကျက်ကျက်နေ့လည်ခင်းကနေ ချက်ချင်းကောင်းကင်မှာ မိုးတိမ်မည်းမည်းတွေနေရာယူလာသည်။ မိုးအုံ့သွားလို့ အပူဒဏ်သက်သာပေမဲ့ မိုးရွာတာကိုတော့ မွန်းမကြိုက်။
ဒီနေ့ လှည်းတန်းကို softwareခွေလေးဝယ်မလို့ ထွက်လာခဲ့တာ။ ထီးကလဲ မေ့နေခဲ့သည်။ ခွေဆိုင်က ထွက်လာတော့ weatherက အခြေနေမကောင်း။
အိမ်တန်းပြန်ရင် ကောင်းမလား လှည်းတန်းစင်တာခနဝင်ရင်ကောင်းမလား .... 😑😑😑😑.....
အတန်းချိန်ပီးတော့ ယွန်းအိတ်နဲ့ ဖိုင်တွဲတွေယူပီး ပြန်ဖို့ပြင်သည်။ ဆုမြတ်က တစ်တန်းဝင်ရဦးမှာမို့ ဒီနေ့တော့ အတူမပြန်ဖြစ်။
သင်တန်းအောက်ကိုဆင်းလာတော့ မိုးဖွားလေးတွေကျနေတာမို့ကားဆီအပြေးသွားပီး မောင်းထွက်လာခဲ့လိုက်တယ်....လမ်းထိပ်ရောက်တော့ အဝင်ကားတစ်စီးလာနေတာကြောင့် ယွန်းကားကိုဘေးချပီးရှောင်ပေးလိုက်သည်။
ယွန်းအတန်းက ကျောင်းသူလေးတစ်ယောက်ကားစောင့်နေတာလား မိုးခိုဖို့နေရာရှာနေတာလားမသိ။ ကားယားကားယားနဲ့လျှောက်နေတာမြင်တော့...
"ယမုံ ကားစောင့်နေတာလား"
ယွန်းလှမ်းအော်လိုက်ပေမဲ့ ယမုံကမကြား
တဖက်လမ်းကိုခပ်သုတ်သုတ်ကူးသွားသည်။
ယွန်းလဲ ရှက်ရှက်နဲ့ မောင်းထွက်ဖို့လုပ်တော့..ရုတ်တရပ်မြင်ကွင်းထဲမှာ ခဲရောင်ဆံပင်လေးကိုမြင်မိလိုက်တယ်.. ဟိုချာတိတ်လေးများလား?ယွန်းကားကိုဖြေးဖြေးလေးမောင်းထွက်ပီး ဘေးကနေ ဖြတ်ကြည့်လိုက်သည်။."ဟိတ် ကားစောင့်နေတာလား"
အသံကြောင့် မွန်းခေါင်းမော့ကြည့်လိုက်တော့..
ကားပြတင်းပေါက်ကနေ ခေါင်းလေးထွက်ပီး မွန်းကိုကြည့်ပီးမေးနေတဲ့ အစ်မတစ်ယောက်။
ဘေးကိုလှည့်ပတ်ကြည့်တော့လဲ ရပ်နေတာက မွန်းတစ်ယောက်ထဲ။
"ဟူတ် ကားစောင့်နေတာ"
ဘယ်သူမှန်းတော့ မသိပေမဲ့ မြင်ဖူးသလိုလိုရှိတာကြောင့် မွန်းပြန်ဖြေပေးလိုက်သည်။ ရုတ်တရပ်ဆိုတော့ ဘယ်မှာမြင်ဖူးမှန်းလဲ စဉ်းစားမရ။
"ဘယ်သွားမှာလဲ "
"အိမ်ပြန်မလို့ မကြီး"