(Zawgyi)
မင်္ဂလာခန်းမကြီးထဲတွင် လူအများအပြားနဲ့ စည်ကားသိုက်မြိုက်နေသည်
ဧည့်သည်တွေကို နေရာချပေးသူကပေး လိုအပ်သည်များကို ညွှန်ကြားသူက ညွှန်ကြားလိုက်နှင့် ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်
သတို့သမီး အလှပြင်ခန်းတွင်မူ
'ဟင့်...ရွှတ်'
ဝန်းရံခတစ်ယောက် ကြိတ်ပြီး မျက်ရည်ကျနေရသည်
သူ့အတွက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသော မာမီက ပထမဆုံးအကြိမ်အဖြစ် သူ့နားကနေ ခွဲခွာသွားတော့မည်လေ
အတက်နိုင်ဆုံး စိတ်ထိန်းနေသော်လဲ မျက်ရည်တွေက ကျနေဆဲပင်
ဝန်းရံခပုခုံးပေါ်ကို လက်တစ်ဖက်က အသာလာပုတ်သည်
'အင့်...'
ထိုလက်ကြောင့် ပိုဝမ်းနည်းကာ ထက်ရှိုက်မိပြန်သည်
ဝန်းရံမော့ကြည့်တော့ မာမီက အနူးညံ့ဆုံး ပြုံးပြသည်
ဝန်းရံ မျက်ရည်တွေကို ကပြာကယာ ပွတ်သုတ်လိုက်ရင်း ပြုံးပြလိုက်သည်
မာမီအတွက် အပျှော်ရွှင်ဆုံးသော အချိန်လေးကို သူ့ကြောင့်စိတ်မညစ်စေချင်ဘူးလေ
သုံးဆယ်ကျော် လေးဆယ်နားနီးနေပြီဖြစ်သော မာမီက အရွယ်တင်နုပျို လှပဆဲပါ
ဒယ်ဒီဆုံးသွားသော ဆယ့်ငါးနှစ်အတွင်းမှာ မာမီက ဝန်းရံအတွက်သာ အရာအားလုံးကို ဖြည့်စည်းပေးခဲ့သည်လေ
ထို့ကြောင့်လဲ မာမီ ဝန်းရံဆီကနေ ပထမဆုံး တောင်းဆိုခဲ့သော ဒီမင်္ဂလာပွဲကို မငြင်းနိုင်ခဲ့ပါ
'မာမီ အရမ်းလှတယ်'
မာမီက အဖြူလွလွဂါဝန်ကို လှပစွာ ဝတ်ထားသည်မှာ ဝန်းရံအတွက်တော့ နတ်သမီးတစ်ပါးနှယ်
မာမီက ဝန်းရံနဖူးကို ခပ်ဖွဖွ အနမ်းတစ်ခု ခြွေပေးရင်း
DU LIEST GERADE
အဖေမတူ အမေကွဲ~အဖမေတူ အမကှေဲ(Completed)
RomantikUni Bl ficပါနော် အရင်တစ်ပုဒ်ထက် ပိုကောင်းအောင် အတက်နိုင်ဆုံး ကြိုးစားထားပါတယ် Ocပါ ငယ်ငယ်လေးထဲက အမေနဲ့ မခွဲမခွာ အမြဲတမ်း နေလာခဲ့တဲ့ ဝန်းရံခနဲ့ အဖေအတွက်ဆို အခွင့်အရေး ရသမျှ အကုန်လုပ်မဲ့ မင်းမာနတို့ ဘယ်လိုအလွဲလေးတွေနဲ့ ရှေ့ဆက်ကြမလဲ Zawgyi Bl ficပါ...